A d v e r t i s e m e n t With Us

စွမ်းအင်မူဝါဒဆိုင်ရာဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ

ကိုယ်​ထူကိုယ်​ထ အေ​သးစား စွမ်းအင်​ထုတ်​မှု တရားဝင်​ဖြစ်​ရေးအတွက် ရှမ်းပြည်နယ်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်နေ့က တောင်ကြီးမြို့ရှိ တောင်ကြီးစီးတီး ဟိုတယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်​။ ရှမ်းပြည်နယ်စွမ်းအင် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို သံလွင်မြစ်ထိန်း သိမ်းကာကွယ်ရေးကွန်ရက်အဖွဲ့၊ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း၊ Save the natural အဖွဲ့တို့က ဦးဆောင်ပြီး နှစ်​ရက်​ကျင်းပမှာ ဖြစ်​ပါတယ်​။ ရှမ်းပြည်​နယ်​မှာ​ အရင်းမြစ်​​ပေါများတဲ့အတွက်​ တနိုင်​တပိုင်​လုပ်​​ဆောင်​​နေတဲ့ အ​သေးစားလျှပ်​စွမ်းအင်​ထုတ်​လုပ်​မှုကို ဥပ​ဒေအရ တရားဝင်​​အောင်​ စွမ်းအင်​မူဝါဒ​ဆွေး​နွေးပွဲပြုလုပ်​တာလို့ ပွဲစီစဉ်သူ ဦးအေပရာယ်ကြူကြူက ပြောပါတယ်။ ဆွေးနွေးပွဲမှာ စွမ်းအင်မူဝါဒ၊ စီမံကိန်းများနှင့်ပတ်သက်ပြီး ဆန်းစစ်ခြင်း၊ အခြားသောနည်းလမ်းတွေ၊ မြန်မာ့အမျိုးသား စွမ်းအင်အစီအစဉ်ကို အထောက်အကူပြုနိုင်မယ့် ဗဟိုထိန်းချုပ်မှုလျော့ချတဲ့ ပြန်ပြည့်မြဲစွမ်းအင်စနစ်တွေ  ရှမ်းပြည်နယ် လျှပ်စစ်ဥပဒေ (မူကြမ်း)၊ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ် ဆည်ကာတာကြီးတွေကြောင့် ထိခိုက်မှု အစရှိတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ​ပြည်​နယ်​အစိုးရ လုပ်​ပိုင်​ခွင့်​ရှိတဲ့ ၃၀ မီဂ္ဂါဝပ်​ လျှပ်​စစ်​စွမ်းအင် မူဝါဒ ဥပ​ဒေကြမ်းကိုလည်း ကျား​ခေါင်းပါတီက ရှမ်းပြည်​နယ်​ လွတ်​​တော်​မှာတင်​သွင်းပြီး ပြည်​​ထောင်​စု အစိုးရသ​ဘောထား မှတ်​ချက်​ရယူဖို့ လုပ်​​ဆောင်​​နေတယ်​လို့ သိရပါတယ်​။ ဒီ​ဆွေး​နွေပွဲက အဲ့ဒီဥပ​ဒေကြမ်း အတည်​ပြု​ပေးဖို့ အ​ထောက်​အကူဖြစ်​​စေဖို့ ​ဆွေး​နွေးပွဲ ရလဒ်​ကို ရှမ်းပြည်​နယ်​အစိုးရထံ အိပ်​ဖွင့်​​ပေးစာ ​ပေးပို့သွားမှာဖြစ်​ပါတယ်​။ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေ၊ စွမ်းအင်မူဝါဒဆိုင်ရာပညာရှင်တွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ခွန်​ရာဇာ

A d v e r t i s e m e n t With Us

More News
Up