A d v e r t i s e m e n t With Us

အီတလီသွားမည့် ရွှေ့ပြောင်းလာသူများကို လစ်ဗျားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

အီတလီနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်းသွားလာသူတွေကို အာဏာပိုင်တွေက ဇူလိုင် ၂၆ ရက်နေ့မှာ လစ်ဗျားနိုင်ငံဆီ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ ရေတပ်အရာရှိတဦး ပြောကြားချက်အရ  သူတို့ကို ကမ်းရိုးတန်းကနေ ၂၇ မိုင်အကွာမှာ တွေပြီးနောက် တက်ဂျိုဟာမြို့ကို ပြန်ခေါ်လာတာပါ။ သူတို့ဟာ ဆာဟာရ အောက်ပိုင်းဒေသနိုင်ငံတွေက ဖြစ်ပြီး အခုအခါ ကမ်းရိုးတန်း အခြေစိုက်စခန်းမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဆူဒန်နိုင်ငံကနေ ရွှေ့ပြောင်းလာသူက သူတို့ဟာ လစ်ဗျားမြောက်ပိုင်း ခွန်းမ်မြို့ကနေ အီတလီကို  သွားခဲ့ပေမယ့် ကံမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။ ၁ ရက် နဲ့ ၁၅ နာရီကြာ လှေနဲ့ သွားပြီးနောက်မှာ လစ်ဗျားအာဏာပိုင်တွေက သူတိံကို တွေ့ပြီးပြန်ခေါ်လာတယ်လို့ ပြောပါတယ်။ အီတလီကို မရောက်ခဲ့ပေမယ့် ဘေးမသီရန်မခ ဒီပြန်ရောက်လာတာ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်လို့ ရွှေ့ပြောင်းလာသူ အာမက်ဟက်ဆန်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up