A d v e r t i s e m e n t With Us

တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၃၈ ဦး ရှိပြီ

ဖိလစ်ပိုင်တောင်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၃၈ ဦး ရှိသွားပြီလို့ဒေသတွင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရွှံ့နွံတွေနဲ့ ရေတွေကြောင့် သွားလာရ ခက်တဲ့နေရာကို ကယ်တင်တဲ့သူတွေက သွားရောက်ဖို့ ကြိုးစားနေပါတယ်။ ပြည်ထဲရေးဝန်ကြီးက မုန်းတိုင်းဒဏ်သင့်တဲ့ တောင်ပိုင်းကို သွားရောက်ခဲ့ပါတယ်။ သေဆုံးတဲ့သူ ၅၂ ဦး ကနေ ၈၂ ဦးရှိသွားပြီဖြစ်ပြီး ၂၁ ဦး ပျောက်ဆုံးနေတယ်လို့ အစောပိုင်းက အတည်ပြုခဲ့ပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေနဲ့ ပို့ဆောင်ရေးတွေ ပြတ်တောက်ခဲ့ပါတယ်။ နယူးဘန်တန် (New Bataan) တမြို့တည်းမှာ တောင်ပြိုလို့ သေဆုံးတဲ့သူ ၄၉ ဦးရှိနေပြီးတော့ မင်ဒါနိုက နေရာအနှံမှာတော့ ၃၃ ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ တိုင်ဖုန်း ဘိုဖာက အင်္ဂါနေ့ အစာပိုင်းမှာ မင်ဒါနို (Mindanao) ကုန်တွင်းပိုင်းကို ၀င်ရောက် ခဲ့ပြီးတော့ ပြင်းထန်တဲ့ မိုးနဲ့ ၁ နာရီကို ၂၁၀ မိုင်နှုန်း လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up