Home
မြန်မာသတင်း
သိန္နီမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ကလေးငယ် ၅ ဦး သေဆုံး
DVB
·
July 27, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် ကလေး ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က သိန္နီမြို့နယ်၊ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ် ၃၁ အနီးမှာ အောင်မြင့် ၄၅ နှစ်မောင်းနှင်တဲ့ MDY 5D/xxxx ၁၂ ဘီးယာဉ်ဟာ မျက်နှာချင်းဆိုင်မှ မောင်ရှုကိုင် (၁၇) နှစ်မောင်းနှင်ပြီး မောင်ထိုက်ရှုံ (၇) နှစ်ပါ ၄ ဦး၊ စုစုပေါင်း ၅ ဦးလိုက်ပါတဲ့ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါယာဉ်တိုက်မှုကြောင့် မောင်ရှုကိုင်အပါအ၀င် ၅ ဦးလုံး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး ၁၂ ဘီးယာဉ်မောင်း အောင်မြင်ုကို နမ့်စလပ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု /ယာဉ်မဆင်မခြင်မောင်းနှင်မှု) တို့တို့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024