A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀ကျပ်ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၇၀၀၀  ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၅၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။ ထောပတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ထောပတ်ပဲက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၉၂၈၀၀ ကနေ ၁၀၂၉၀၀ ပေါက်ဈေးရှိပြီး ၄၈၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၄၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ကြက်သွန်နီ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတအိတ်ကို ၅၅၀ ကနေ ၈၇၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၀၀ ကနေ ၇၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၇၅ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ပဲဇီးကွက် မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင်တအိတ်ကို ၅၆၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ တအိတ်ကို ၅၆၇၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၇၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ၀င်တအိတ်ကို ၉၇၀၀၀ ကနေ ၉၈၀၀၀ ပေါက်ဈေး ရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၂၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ နှမ်းနက်စမုံ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင်တအိတ်ကို ၂၆၅၀၀၀ ကနေ ၂၈၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ  ၁၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ မတ်ပဲကတော့ အရင်အပတ်ထက် ဈေးကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဈေးကျဆင်းနေလို့ ပြည်တွင်းဈေးကွက်မှာလည်း လိုက်ပါကျဆင်းနေတယ်လို့ သိရပါတယ်။ မတ်ပဲကတော့ အရင်တစ်ပတ်ထက် ၃၀၀၀၀ ကျော်လောက် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်နီကတော့ဈေးအပြောင်းအလဲမရှိပါ။ အရောင်းအ၀ယ်အေးနေပါတယ်။ မိုးအေလို့ လက်လီဈေးကွက်အေးနေတယ်လို့ သိရပါတယ်။ ကြက်သွန်နီကတော့ အရင်တစ်ပတ်ထက် ဈေးကျဆင်းခြင်း တက်သွားခြင်းမရှိပါ။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA

A d v e r t i s e m e n t With Us

More News
Up