နယူးယောက်တွင် ဖခင်က ကားထဲအချိန်အတော်ကြာထားခဲ့သဖြင့် အမြွာလေး ၂ ဦး သေဆုံး

လမ်းလျှောက်တတ်ခါစ အမြွာလေးနှစ်ယောက်ကို ဖခင်ဖြစ်သူက  ပူပြင်းလှတဲ့အချိန် ကားထဲ အချိန်ကြာကြာ ထားခဲ့တဲ့အတွက် ကလေးနှစ်ယောက် အသက်ဆုံးရတဲ့ ၀မ်းနည်းဖွယ် ဖြစ်ရပ်တခု ဇူလိုင် ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖြစ်သွားခဲ့ပါတယ်။ တနှစ်အရွယ် ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာတို့ကို ဖခင်ဖြစ်သူက အလုပ်မသွားခင် ကားနောက်ခန်းမှာ  ထိုင်ခုံခါးပတ်နဲ့ထားပြီး ကားပါကင်ထိုးသွားခဲ့တာပါ။ ညနေ ရုံးဆင်းပြီးနောက် ဖခင်က ကားကို ခရီးအကွာအဝေး အနည်းငယ် မောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ  သူ့လုပ်ရပ်ကို သတိရသွားပြီး ဖခင်ဟာ နိုင်းဝမ်းဝမ်းကို အကြောင်းကြားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းက ဆိုပါတယ်။ ကလေးနှစ်ယောက်ဟာ ဟွန်ဒါ -အက်ကော့ ကားနောက်ခန်းအတွင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ  ပူပြင်းလှတဲ့ ကားထဲ အချိန်ကြာကြာနေခဲ့ရတယ်လို့ ရဲတပ်ဖွံက ပြောပါတယ်။ အနီးဝန်းကျင် ရပ်ကြည့်သူတဦးက “ကလေးတွေကို ဒီလိုပစ်ထားခဲ့တာ စိတ်ကူးကြည့်လို့ကို မရပါဘူး။ အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါ” လို့ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကလေးတွေရဲ့ ဖခင်ကို ရဲကထိန်းသိမ်းထားတယ်လို့ NBC သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up