ဖိလစ်ပိုင်တွင် ငလျင်ကြောင့် ၈ ဦး သေဆုံး၊ ၆၀ ဒဏ်ရာရ

727
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ဇူလိုင် ၂၇ ရက်နေ့က မြေငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေ ကြောင့် လူ ၈ ယောက် သေဆုံးပြီး ၆၀ ဒဏ်ရာရခဲ့ပါတယ်။
မြေငလျင်ဟာ ကနဦးအနေနဲ့ မနက် ၄ နာရီအချိန် လူဇုန်ကျွန်း ဘတ်တာနဲမြို့မှာ ပြင်းအား ၅ ဒသမ ၄ အဆင့် လှုပ်ခဲ့တယ်လို့ The Strait Times သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက် မနက် ၇ နာရီခွဲအချိန် အဲဒီမြို့မှာပဲ ၅ ဒသမ ၉ အဆင့် လှုပ်ခဲ့တယ်လို့ သိရပါတယ်။ အနည်းငယ် အကြာမှာ နောက်ဆက်တွဲ ငလျင်ကြီး ထပ်လှုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် နေအိမ်ပျက်စီးသွားပုံကို အစ်ဘာရာမြို့ ကျောင်းဆရာမ တဦးကနေ ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
ဒေသခံတွေကလည်း ကွင်းပြင်တခုမှာ စုဝေးနေပြိး ဆရာမ အက်ဒ်နာဂါတိုက သူနဲ့ ကွင်းပြင်မှာ အတူ စုဝေးနေသူ ၁ ထောင်ကျော် ရှိတယ်လို့ ပြောပါတယ်။
အိမ်သစ်တွေ ထိခိုက်ပျက်စီးပြိး အိမ်အိုအိမ်ဟောင်းတွေ လုံးဝပြိုကျခဲ့တယ်လို့ အက်ဒ်နာဂါတိုက ဆိုပါတယ်။
ငလျင်လှုပ်ရာ ကျွန်းတွေကို ဆေးဘက်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားတယ်လိံ အမျိုးသားသဘာဝဘေ့းအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။