Home
မြန်မာသတင်း
 ၉၉ နိုင်ငံ ဖြတ်သန်းမည့် အမျိုးသမီးဆိုင်ကယ်စီးအဖွဲ့ မန္တလေးမှ စတင်ထွက်ခွာ
DVB
·
July 27, 2019
နိုင်ငံ ၉၉ နိုင်ငံ ဖြတ်သန်းပြီး ချစ်ကြည်ရေး စာချွန်လွှာ လက်ဆင့်ကမ်းသယ်မယ့် အမျိုးသမီးဆိုင်ကယ်စီးအဖွဲ့ မန္တ​လေးကနေ စတင်ထွက်ခွာသွားပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ကျား မခွဲခြားမှုတွေရှိနေပြီး အမျိုးသမီးတွေအပါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့အတွက် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေ နည်းတူ စွမ်းဆောင်နိုင်တယ်ဆိုတာကို ဖော်ပြတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉၉ နိုင်ငံကို ဖြတ်သန်းပြီး ဆိုင်ကယ်စီးမယ့် ခရီးစဉ်ဟာ ဇူလိုင် ၂၆ ရက်နေ့မှာ မန္တ​လေးမြို့ကနေ စတင်ထွက်ခွာခဲ့တာပါ။ ဒီခရီးစဉ်ကို စကော့တလန်နိုင်ငံကနေ အခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၉၀ ကျော်ကို ဖြတ်သန်းကာ ချစ်ကြည်ရေးစာချွန်လွှာတစ်စောင်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း လေးဆယ်ကျော်ကို ဖြတ်သန်းခဲ့ပြီဖြစ်ပြီး နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ဖြစ်သန်းရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ဒီစာချွန်လွှာဟာ တနိုင်ငံနဲ့တနိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရစေပြီး ချိတ်ဆက်ရင်းနှီးမှု အားကောင်းစေဖို့အတွက် လက်ဆင့်ကမ်းသယ်ဆောင်တာဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်စီးနင်းမယ့်သူတဦးဖြစ်တဲ့ မပွင့်ဖြူလတ်က ပြောပါတယ်။ ဒီစာချွန်လွှာမှာ နိုင်ငံတကာက ဆိုင်ကယ်စီးနင်း သယ်ယူခဲ့ကြတဲ့ အမျိုးသမီးတွေလည်း လက်မှတ်ရေးထိုး မှတ်တမ်းတင်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း ဒီခရီးစဉ်မှာ ပါဝင်သူတွေကတော့ မပွင့်ဖြူလတ်၊ မယွန်းရတီ၊ မတင်မီနော်ဇာ နဲ့ အမေရိကန်နိုင်ငံသူ Anne Cruickshanks တို့ဖြစ်ပြီး ဇူလိုင်၂၆ ရက်နေ့မှာ မန္တလေးမြို့ကနေ ထွက်ခွာကာ တောင်ငူ၊ ဘားအံ၊ မြဝတီကနေတဆင့် ဇူလိုင်၂၉ ရက်နေ့မှာ ဆိုင်ကယ်စီး စာချွန်လွှာ Stick ကို ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ အပြန်အလှန် လေးစားမှု၊ မြန်မာအမျိုးသမီးတွေဟာလည်း စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ကမ္ဘာကပါ သိရှိစေချင်တဲ့အတွက် မြန်မာနိုင်ငံအတွင်း စီးနင်းဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုင်ကယ်စီးအမျိုးသမီး မယွန်းရတီက ပြောပါတယ်။ အမျိုးသမီးတွေလည်း စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသတဲ့အနေနဲ့ Women Riders World Relay (WRWR) က ဒီခရီးစဉ်ကို စီစဉ်တာဖြစ်ပြီး မန္တလေ ကနေ ထွက်ခွာပြီးနောက် တောင်ငူ ဘားအံနဲ့ မြဝတီတို့က အမျိုးသမီးဆိုင်ကယ်စီးသမားတွေလည်း ဒီခရီးစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024