ဟောင်ကောင်ကို လွတ်လပ်ခွင့်ပေးရန် လူ ၁၀၀၀ ကျော် လေဆိပ်တွင် ဆန္ဒပြ

1.3K
ဟောင်ကောင်လေဆိပ်မှာ ဒီမိုကရေစီရရှိရေး နဲ့ ဟောင်ကောင်ကို လွတ်လပ်ခွင့်ပေးဖို့ ဇူလိုင် ၂၆ ရက်နေ့က လူ ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
လေဆိပ်အာဏာပိုင်တွေက ဒီလိုဆန္ဒပြတာကြောင့် လေဆိပ်လုပ်ငန်းဆောင်တာတွေ မထိခိုက်ဘူးလို့ ပြောပေမယ့် ခရီးသည်တွေကို စောစောကြိုလာဖို့ အကြံပြုခဲ့ပါတယ်။
လေဆိပ်ဝန်ထမ်း တဦးက “ဟောင်ကောင်ဟာ အရင်က ဟောင်ကောင်လို မဟုတ်တော့တာကို ပြည်သူတွေကို သိစေလိုပြီး တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို မဖြစ်မြောက်စေလိုဘူး” လို့ ပြောပါတယ်။
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဆက်ဆံပုံဟာ မလုပ်အပ်တဲ့ ကိစ္စဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်နေ့မှာလည်း ဆန္ဒပြပွဲတွေ ပိုမိုပြုလုပ်မယ်လို့ သိရပြီး ဇူလိုင် ၂၁ ရက်နေ့က ရထားပေါ် လိုက်လာကြတဲ့ ဆန္ဒပြသူတွေကို လက်နက်ကိုင်လူအုပ်က တိုက်ခိုက်ခဲ့တာကြောင့် ၄၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလူအုပ်ထဲက တချို့ဟာ ဟောင်ကောင်လူဆိုးဂိုဏ်းဝင်တွေ ပါတယ်လို့ ရဲသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ တိုက်ခိုက်ခံခဲ့ရလို့ ဆန္ဒပြချီတက်ပွဲကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။