A d v e r t i s e m e n t With Us
ရှမ်းပြည်နယ် ​တောင်​ကြီးမြို့​ပေါ်မှာ လူဦး​ရေ များလာတာနဲ့အမျှ  ​နေ့စဉ်​ယာဉ်​တိုက်​မှုနဲ့ ယာဉ်​​ကြောပိတ်​ဆို့မှုဖြစ်​​ပေါ်​တာကို ​ဖြေရှင်းဖို့ မီးပွိုင့်​​တွေ ထပ်​မံတပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ အဓိက လူသွားလူလာများတဲ့​နေရာ​တွေ၊ လမ်းဆုံ​တွေမှာ ယာဉ်​​ကြောပိတ်​ဆို့မှုဖြစ်​ပြီး ယာဉ်​တိုက်​မှု မကြာခဏဖြစ်​ပွားကာ မလိုအပ်​ဘဲ အသက်​ဆုံးရှုံးသွားရတဲ့ ပြဿနာကို ​ဖြေရှင်းနိုင်​ဖို့ဖြစ်​တယ်လို့ အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူး မျိုးဇော်အောင်က ပြောပါတယ်။ ​တောင်​ကြီး အ​နောက်​မြို့ပတ်​လမ်း၊ ကံသာဓမ္မာရုံလမ်းဆုံနဲ့ ​တောင်​ကြီး ​အေးသာယာအစပ်​ ​တောင်​ကြီးမြို့အဝင်​မှာ တပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ ကံသာဓမ္မာရုံနားမှာဆိုရင်​ ​မြို့မရပ်​ကွက်​၊ ကံသာရပ်​ကွက်​နဲ့ ​ဟော်​ကုန်းရပ်​ကွက်​ဆုံတဲ့​နေရာဖြစ်​ပြီး ​ကျောင်းဖွင့်​ချိန်​ ​ကျောင်းဆင်းချိန်​က ယာဉ်​​ကြောပိတ်​ဆို့မှု အများဆုံးနဲ့ ယာဉ်​တိုက်​မှု အများဆုံးဖြစ်​ပွားတယ်​လို့  မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြောပါတယ်။ ​တောင်​ကြီး တ​မြို့လုံးမှာ လက်​ရှိ မီးပွိုင့်​ ၁၂ ခု တပ်​ဆင်​ထားပြီး ​နောက်​ထပ်​နှစ်​ခုထပ်​မံတပ်​ဆင်​သွားမှာဖြစ်​ပါတယ်​။ မီးပွိုင့်​တပ်​ဆင်​တာဟာ ယာဉ်​ထိန်းတပ်​ဖွဲ့ လုံ​လောက်​မှုမရှိတာကို​ ဖြေရှင်းနိုင်​တယ်​လို့ သိရပါတယ်​။ ​    တောင်​ကြီးမြို့မှာ ​၂၀၁၉ ဇန်​န၀ါရီမှ ဇွန်​လအထိ ယာဉ်​တိုက်​မှု ၂၄၀ မှု၊ ဒဏ်​ရာရသူ ၃၅၃ ဦး၊ ​သေဆုံးသူ ၁၂၈ ဦးရှိပြီး ပြီးခဲ့တဲ့​နှစ်​ထက်​ အနည်းငယ်​ပိုများတယ်​လို့ သိရပါတယ်။ ခွန်​ရာဇာ
A d v e r t i s e m e n t With Us
More News
Up