အင်ဒိုနီးရှားရှိ အာမဒီယာ မွတ်စလင်ဂိုဏ်းဝင်တွေ တိုက်ခိုက်ခံနေရ
DVB
·
December 5, 2012
အာမဒီ မွတ်စလင်ဂိုဏ်းဝင် စုံတွဲတတွဲကို အင်ဒိုနီးရှား အနောက်ဂျားဗားပြည်နယ် ဘာသာရေးဆိုင်ရာရုံးက ထိမ်းမြားလက်ထပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ သူတို့ကို အင်ဒိုနီးရှားမှာ အများစုကိုးကွယ်တဲ့ မွတ်စလင်ဘာသာကို ပြောင်းလဲမှပဲ လက်ထပ်ခွင့်ပြုမယ်လို့ ဆိုနေပါတယ်။ အာမဒီ မွတ်စလင်တွေရဲ့ သွေးလှူပွဲအခမ်းအနားတခုကိုလည်း အနောက်ဂျားဗား အာဏာပိုင်တွေက ပိတ်ပင်တားဆီးလိုက်ပါတယ်။
အင်ဒိုနီးရှားမှာ အာမဒီဂိုဏ်းဝင် ၂ သိန်းလောက်ရှိပြီး သူတို့ကို သဘောထားတင်းမာတဲ့ မွတ်စလင်ဘာသာဝင်တွေက တိုက်ခိုက်နေကြပါတယ်။ အစိုးရကလည်း ၂၀၀၈ ခုနှစ်ကတည်းက အာမဒီ ဘာသာကိုးကွယ်သူတွေရဲ့ ဘာသာရေးနဲ့ နွယ်တဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားပါတယ်။ သတင်းထောက် စီတြာ ပရာစတူတီက ဂျာကာတာကနေ သတင်းဆောင်းပါးပေးပို့ထားပါတယ်။