A d v e r t i s e m e n t With Us

လူငယ်ကြယ်ပွင့် ဖေးလ်ဖိုဒန်ကို မန်စီးတီးနည်းပြ ချီးကျူး

မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဖေးလ်ဖိုဒန်ဟာ တွေ့ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အရည်အသွေးအရှိဆုံး ကစားသမားဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ ဖိုဒန်ဟာ အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်လာဖို့အတွက် အရည်အသွေးအကုန်လုံးရှိနေပြီး နည်းပြသက်တမ်းတလျှောက် အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာလိုအသင်းမျိုးကို ကိုင်တွယ်ခဲ့ဖူးပြီးတော့ မက်ဆီ၊ အင်နီယေစတာ၊ ရှာဗီတို့လို ကစားသမားကောင်းတွေနဲ့ လက်တွဲခဲ့ဖူးပေမယ့် အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ဖိုဒန်ကို အခုလို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန်ဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာစီးတီးအသင်းအတွက်၂၁ ပွဲဝင်ရောက်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖိုဒန်ဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေပေမယ့် အချို့ပွဲစဉ်တွေမှာ ထည့်သွင်းကစားစေခြင်း မရှိသေးပါဘူး။ ဖိုဒန်ဟာ သူ့အတွက်ကံကောင်းစေသလို လက်တလော အသင်းရဲ့ ကစားသမားတွေဟာလည်း အကောင်းဆုံးဖြစ်ပြီး အောင်မြင်မှုတွေဟာ ကစားသမားတွေဆီကနေ ထွက်ပေါ်လာခဲ့တာလို့ ဂွါဒီယိုလာက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up