လျှပ်စစ်မီတာ မိုဘိုင်းဖုန်းမှ စစ်ဆေးနိုင်မည့် AMI Meter စနစ် ထပ်မံတပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီးမှာ မီတာသုံးစွဲသူကိုယ်တိုင် မိုဘိုင်းဖုန်းကနေ စစ်ဆေးနိုင်မယ့် AMI Meter စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက မြို့ နယ် ၄ မြို့ နယ်မှာ ထပ်မံတပ်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကပြောပါတယ်။
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးမှာ ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ပြန်ခဲ့တာပါ။
AMI မီတာစနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက ဒေါပုံမြို့နယ်နဲ့ ပန်းဘဲတန်းမြို့ နယ်တို့မှာ Pilot Project အနေနဲ့ ဆောင်ရွက်ခဲ့ကာ ဆက်လက်ပြီး တောင်ဥက္ကလာပမြို့နယ်မှာ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
ဒီစနစ်ဟာ လျှပ်စစ်ဓာတ် အားသုံးစွဲရာမှာ မသမာမှုတွေ ပြုလုပ်တာ၊ ယူနစ်အပြည့်အဝ မတက်တာ၊ ဓာတ်အားပျောက်ဆုံးတာတွေကို လျော့နည်းပပျောက်နိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် မီတာဘေလ်ကို ဖုန်းကတဆင့် စစ်ဆေးတာ ပေးဆောင်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။
ရန်ကုန်တိုင်းမှာ ၂၀၁၈-၁၉ တနှစ်တာ ဓာတ်အားသုံးစွဲမှူယူနစ် သန်းပေါင်း ၉၂၃၃ ရှိပြီး ဓာတ်အားပျောက်ဆုံးမှူ ယူနစ်သန်း ၁၂၈၂ ရှိတဲ့အတွက် ယူနစ်ပျောက်ဆုံးမှူ ၁၃.၈၉ ရခိုင်နှုန်း ရှိပါတယ်။
AMI စနစ်ကို မြို့နယ် အားလုံးအတွက် စီမံချက် ပြီးဆုံးရင်တော့ ရန်ကုန်တိုင်းအတွင်း ဓာတ်အားပျောက်ဆုံးမှုကို ထက်ဝက်လျှော့ချနိုင်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။