A d v e r t i s e m e n t With Us

ရှင်မတောင်ဒေသ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဒေသ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ ပူးပေါင်းပြီး စတင်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်းက ပြောပါတယ်။ လက်ရှိမှတော့ ရှင်မတောင်ဒေသအခြေပြု အထောက်အကူပေးရေး စခန်းတခုကို ဒေသခံအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖွင့်လှစ်ဖို့ ပြုလုပ်နေတယ်လို့ သစ်ပင်ချစ်သူများအသင်း အတွင်းရေးမှူး ဦးဇော်ဝင်းခိုင်က ပြောပါတယ်။ ရေစကြိုမြို့နယ် ရှင်မတောင်ဒေသဟာ အပူပိုင်းဇုန်ဖြစ်ပြီး သနပ်ခါးခြံတွေ အများဆုံး စိုက်ပျိုးတဲ့ဒေသပါ။ အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနကတော့ ရှင်မတောင်ကြိုးဝိုင်း ဧရိယာဟာ ၁၂၃၅၀ ဧကရှိပြီး သဘာဝတောကျန် ထိန်းသိမ်းရေးကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up