A d v e r t i s e m e n t With Us

ရ​သေ့​တောင်​မြို့နယ်တွင် မိုင်း ၂ လုံး​ပေါက်​ကွဲ၊ ​ကျေးရွာသားများ နေရပ်​စွန့်​ခွာထွက်ပြေး

ရခိုင်ပြည်နယ်၊ ရ​သေ့​တောင်​မြို့နယ်ထဲမှာ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံရွာသား တွေထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရ​သေ့​တောင်​မြို့နယ်​ ပြည်​သူ့ လွှတ်​​တော်​ကိုယ်​စားလှယ် ​ ဒေါ်ခင်​​စေ​ဝေက​ ပြောပါတယ်​။ ဇူလိုင်​ ၂၅ ရက်​​ ​နေ့လည်​ ၁၂ နာရီလောက်မှာ  ချွတ်​ပြင်​​ကျေးရွာနဲ့ ပိ​တောက်​မြိုင်​အကြား တံတားအနီး မိုင်းပေါက်ကွဲလို့ ချွတ်​ပြင်​၊ ပြင်​ရှည်​နဲ့ ပိ​တောက်​မြိုင်​စတဲ့ ​ကျေးရွာ ၃ ရွာက ရွာသားတွေဟာ အနီးနားရှိ ​စေတီပြင်​​​ကျေးရွာနဲ့ တခြား​ကျေးရွာတွေကို ထွက်​​ပြေးနေကြတာလို့ ဆိုပါတယ်။ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဒေါ်ခင်​​စေ​ဝေက​ "​ကျေးရွာ ၃ ရွာလုံး ​စေတီပြင်​ကို ​ရောက်​​နေကြတယ်​လို့သိရတယ်​။ မနက်​ပိုင်းကချွတ်​ပြင်​ တံတားအနီး မိုင်း​​တွေ​ပေါက်​ကွဲတဲ့ အတွက်​ စိုးရိမ်​ထိတ်လန့်​ကာ ထွက်​​ပြေးသွားကြတာ" လို့ေ့ပြာပါတယ်​။ မိုင်းပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာနဲ့ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကတော့ မသိရသေးပါဘူး။ လတ်တလော ​စေတီပြင်​​ကျေးရွာမှာ  ထွက်ပြေးလာတဲ့ ရွာသားလူဦး​ရေ ၈၀ ​ကျော်​ ခိုလှုံရောက်​ရှိ​နေကြပြီး လက်​ရှိ ဘုန်း​တော်​ကြီး​ကျောင်း ဓမ္မာရုံမှာ နေရာချထား​ပေးထား​ပြီး နီးစပ်​ရာ​ဆွေမျိုးတွေရဲ့ နေအိမ်​မှာ ထိုင်​​နေကြသူတွေလည်းရှိပါတယ်။ သူတို့ရဲ့ စားဝတ်​​နေ​ရေးအတွက်​ အခက်​အခဲရှိ​ကြောင်း ​စေတီပြင်​​ ပရဟိတ္တအသင်းဝင် ကို​အောင်​မင်းစိုးက​ ပြောပါတယ်​။ "​စေတီပြင်​​ကျေးရွာမှာ ယခင်​ကတည်းက  စစ်​​ဘေး​ရှောင်​စခန်းမှာ လူဦး​ရေ ၃၀၀ ​ကျော်​ရှိ​နေတာပါ။ အခု ​ရောက်​ရှိလာတဲ့ လူ ၈၀ ​ကျော်​အတွက်​ အခုဆန်​​ကောက်​​နေသူ​တွေရှိသလို အခု ကျနော်ကိုယ်တိုင်  ​ကျေးရွာမှာ ထမင်းထုပ် တွေကောက်​ယူပြီး ရှာ​ဖွေ​ကျွေးနေရတာပါ" ထွက်ပြေးလာသူတွေထဲမှာ ချွတ်​ပြင်​ရွာက ၂၅၀ဦး၊ ပိတောက်မြိုင်က လူဦး​ရေ ၂၈၀ဦး၊  ပြင်​ရှည်​ရွာက ၁၃၀ ဦးတို့ဖြစ်​ကြပါတယ်​။ ​ထွက်​​ပြေးလာတဲ့ ပိ​တောက်​မြိုင်​ရွာသား ကိုသိန်း​အောင်​က "အိမ်​က ဘာမှ ယူဖို့မရခဲ့ပါဘူး။ လူ​တွေ​ပြေးကြတယ်​ဆို​တော့ မိန်းမနဲ့ က​လေး​တွေကို ​ခေါ်ပြီး ထွက်​​ပြေးလာခဲ့တာပါ။ ချွတ်​ပြင်​ကလည်း​ပြေး၊  ပြင်​ရှည်​ကလည်းပြေး ဆို​တော့ ပိ​တောက်​မြိုင်​ကလည်း ပြေးကြတာပါပဲ။ မိုင်း​ပေါက်​တယ်​ဆို​တော့ ရွာသူရွာသား​တွေက စစ်​တပ်​ ရွာ​တွေကိုဝင်​​ရောက်​ပြီး မဟုတ်​မမှန်​စွပ်​စွဲ ဖမ်းဆီးမှာကို စိုးရိမ်​ပြီး ထွက်​​ပြေးကြတာပါ။ ကျနော်တို့ ရွာမှာ​တော့ သက်​ကြီးရွယ်​အို​တွေ ကျန်​​နေခဲ့တာ ရှိပါတယ်​။" လို့​ပြောပါတယ်။ စေတီပြင်​​ကျေးရွာမှာ တပ်​မ​တော်​နဲ့ အေအေတို့အကြား တိုက်​ပွဲတွေကြောင့် အရင်ကတည်းက ထွက်ပြေးလာကြတဲ့  ​မေယု အ​ရှေ့ဘက်ကမ်းဒေသက ​ကျောက်​ခုန်​ဘုတ်​၊ သိုက်​တဘုတ်​၊ ကျောက်​တန်း စတဲ့ ကျေးရွာတွေက လူဦး​ရေ ၃၀၀ ​ကျော်​ဟာ   UNHCRက ဆောက်​လုပ်​​ပေး​ထားတဲ့ ယာယီအ​ဆောင်​တွေမှာ နေထိုင်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up