Wednesday, May 31, 2023
HomeLead Storyအိုင်စီစီဖလားပြိုင်ပွဲတွင် မန်ယူက စပါးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

အိုင်စီစီဖလားပြိုင်ပွဲတွင် မန်ယူက စပါးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

တရုတ်နိုင်ငံမှာ မနေ့ညက ကျင်းပတဲ့ နိုင်ငံတကာချန်ပီယံများဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ မန်ယူအသင်းက စပါးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ရာသီကြို ခြေစွမ်းပွဲတွေမှာ နိုင်ပွဲဆက်နေတဲ့ မန်ယူအသင်းဟာ ရှေ့တန်းမှာ တိုက်စစ်မှူးမာရှယ်ကို အထောင်ထားပြီး ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်ကစားခဲ့တာပါ။

စပါးအသင်းကတော့ ရှေ့တန်းမှာ ကိန်းနဲ့ ပါရော့တို့ကို အသုံးပြုပြီး ၄-၁-၂-၁-၂ နဲ့ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းလုံး လူငယ်ကစားသမားတွေနဲ့ အဓိက ကစားသမားတွေကို မျှသုံးပြီး ပွဲထွက်ကစားစေခဲ့တာ ပြေ့ရပါတယ်။

မန်ယူအသင်းအတွက် ပထမဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၂၁ မိနစ်မှာ မန်ယူလူငယ်ကစားသမား ပါရဲရာရဲ့ ဖန်တီးပေးပို့မှုကတဆင့် မာရှယ်က သွင်းယူခဲ့ပါတယ်။

စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန်  ၆၅ မိနစ်မှာ လူကပ်မိုရာ သွင်းယူတဲ့ဂိုး မန်ယူနောက်ခံလူ လုရှောခြေတောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။ 

မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန်  မိနစ် ၈၀ မှာ လူငယ်ကစားသမား ဂိုမက်က သွင်းယူခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းက ပထမပိုင်း ကစားကွက်ပိုကောင်းခဲ့ပြီး စပါးအသင်းက ဒုတိယပိုင်းကစားတာ ပိုကောင်းခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ညမှာတော့ ရီးရဲလ်နဲ့ အက်သလက်တီကို၊  ဇူလိုင် ၂၉ ရက်နေ့မှာ မီလန်နဲ့ ဘင်ဖီကာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

အခုနှစ်ကျင်းပတဲ့ အိုင်စီစီဖလားပြိုင်ပွဲကို အာဆယ်နယ်၊ ဘင်ဖီကာ၊  ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ စပါး၊ ဖီအိုရင်တီးနား၊ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ရီးရဲလ်၊ အင်တာ၊  အေစီ၊ စီဒီ ဂွါဒလာဂျာရာအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကစားနေကြတာပါ။ 

လက်ရှိ အိုင်စီစီဖလားပြိုင်ပွဲ အမှတ်ပေးဇယားမှာတော့ မန်ယူအသင်းက ၂ ပွဲကစား ရမှတ် ၆ မှတ်၊ စပါးအသင်းက ၂ ပွဲကစား ရမှတ်  ၃ မှတ်ရရှိထားပြီး အာဆင်နယ်အသင်းက ၃ ပွဲကစား ရမှတ် ၇ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular