Home
မြန်မာသတင်း
အန်အယ်လ်ဒီဗဟိုကော်မတီဝင် ဦးအောင်စိုး နုတ်ထွက်စာတင်
ပြည့်ဘုန်းအောင်
·
July 25, 2019
အဂတိလိုက်စားတဲ့အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုဖြစ်သူ အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးအောင်စိုး ပါတီကနေ နုတ်ထွက်စာတင်လိုက်ပါတယ်။  အန်အယ်လ်ဒီပါတီ ဝါရင့်အဖွဲ့ဝင်တဦးဖြစ်သူ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးဟာ ပါတီကနေ နုတ်ထွက်ကြောင်းစာကိုတော့ ဇူလိုင် ၂၅ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။  ဦးအောင်စိုးရဲ့ နုတ်ထွက်စာဟာ ပါတီရဲ့ အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့်နဲ့ လက်ရှိမှာ ဒီနုတ်ထွက်စာကို ပါတီဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်ဆီကို တင်ပြထားတယ်လို့ ဆိုပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ဖြစ်သူ ဦးအောင်စိုးဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့ ခဲအိုတော်သလို လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာလည်း ထိပ်ပိုင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူပါ။  ပါတီကနေ အခုလို နုတ်ထွက်စာတင်တာနဲ့ ပတ်သက်ပြီး ဦးအောင်စိုးကို  ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောစရာမရှိဘူးလို ဆိုပါတယ်။  သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှာ ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရပြီးနောက်ပိုင်း ပါတီအတွင်းမှာ သူ့အပေါ် ခွဲခြားဆက်ဆံမှုနဲ့ ကြုံတွေ့နေရတာတွေကြောင့် နုတ်ထွက်စာတင်တာ ဖြစ်နိုင်တယ်လို့ အန်အယ်လ်ဒီပါတီနဲ့ နီးစပ်သူတချို့က ခန့်မှန်းပြောဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024