သီရိလင်္ကာတွင် ကန်ဒေါ်လာ ၂ သန်းခွဲတန်ဖိုးရှိ ကြီးမားသည့် နီလာကျောက် ပြသ

1.1K
သီရိလင်္ကာနိုင်ငံက ကျောက်မျက်တနာ ကုမ္ပဏီတခုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိတဲ့ ကြီးမားတဲ့ အပြာရောင် နီလာကျောက်တလုံးကို ထုတ်ဖော် ပြသလိုက်ပါတယ်။
အဲဒီနီလာကျောက်ဟာ အလေးချိန် ၃၃၂ ကာရက်ရှိပြီး တီအယ်ရှ် ကျောက်မျက်ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။
သူ့ရဲ့ မူလအရိုင်းတုံးဟာ အလေးချိန် ကာရက် ၂ သိန်းကျော်ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အလားတူ အရည်အသွေးမြင့် တန်ဖိုးကြီးတဲ့ ရတနာတွေကို ပြတိုက်တွေ ဘဏ်မြေအောက်ခန်းတွေမှာသာ တွေ့မြင်ရနိုင်ပေမယ့် ဒီနီလာကျောက်ကိုတော့ ကန်ဒီမြို့က တီအယ်ရှ် ကျောက်မျက်အရောင်းပြခန်းမှာ ထားရှိသွားမယ်လို့ ကုမ္ပဏီ ဒါရိုက်တာက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံကထွက်တဲ့ အပြာရောင် နီလာကျောက်တွေဟာ ကမ္ဘာ့ကျောက်မျက်လောကမှာ ကျော်ကြားပါတယ်။