အာဖဂန်တွင် တနေ့တည်း ဗုံးပေါက်ကွဲမှု ၃ ခုဖြစ်၊ ၁၂ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇူလိုင် ၂၅ ရက်က ဗုံးပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့ပြီး စုစုပေါင်း လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရဝန်ထမ်းတွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း သတ္တုတွင်းနဲ့ ရေနံဝန်ကြီးဌာနက ဝန်ထမ်း ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒုတိယဗုံးပေါက်ကွဲမှုမှာ လူ ၇ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရသူတွေကို ဝက်ဇ်ဇီမိုဟာမတ် အာခ်ဘာခန် အမျိုးသားဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ အဲဒီပေါက်ကွဲမှုသုံးခုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ မြို့တော်ကဘူးလ်မှာ အမေရိကန် စစ်ဘက်အကြီးအကဲတွေနဲ့ နေတိုးတာဝန်ရှိသူတွေ တွေ့ဆုံနေချိန် အခုလို တနေ့တည်း ပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up