A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်း တရားသူကြီးချုပ်အသစ် လွှတ်တော်တွင် ကတိသစ္စာပြု

စစ်ကိုင်းတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ထားတဲ့ ဦးမျိုးမောင်က ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ တိုင်းတရားသူကြီး ဦးမျိုးမောင်ကို ဇူလိုင်လ ၁၈ ရက်နေ့က တိုင်းလွှတ်တော်မှာ အမည်စာရင်းတင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိလို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ အတည်ပြု ခန့်အပ်ခဲ့ တာပါ။ အရင် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်က အနားယူသွားပြီဖြစ်တဲ့အတွက် အစားထိုး ခန့်အပ်ရတာလည်းဖြစ်ပါတယ်။  တိုင်းတရားသူကြီး ဦးမျိုးမောင်က တိုင်းတရားသူကြီးချုပ်ဖြစ်သွားတဲ့အတွက် လစ်လပ်သွား တဲ့ တိုင်းတရားသူကြီး နေရာအတွက်လည်း ဝန်ကြီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့ တိုင်း တရားလွှတ်တော် တရားရေးဦးစီးမှူး ဦးဖြိုးဖြိုးကို လွှတ်တော်က အမည်စာရင်း ဖတ်ကြားထားပြီး ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်တွေရှိရင် ကန့်ကွက်နိုင်ကြောင်း ကြေညာထားပါတယ်။  အန်အယ်လ်ဒီ အစိုးရလက်ထက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးပြောင်းလဲတာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန တခု တိုးချဲ့တာ၊ တိုင်းတရားသူကြီးချုပ်ပြောင်းလဲတာတွေ ပြုလုပ်ထားပါတယ်။ တိုင်းတရားသူကြီးချုပ် ဦးမျိုးမောင်က တရားသူကြီးချုပ်အဖြစ် ကတိသစ္စာပြုတဲ့နေ့မှာပဲ ကသာ မြို့နယ်တရားရေးဌာနက သိမ်းဆည်းထားတဲ့ ပြည်သူပိုင်ပစ္စည်း ပျောက်ပျက်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကိုလည်း ဖြေကြားခဲ့ရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up