A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူးကို ပါတီတာဝန် ယာယီရပ်ဆိုင်း

အန်အယ်လ်ဒီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိန်းကို ပါတီတာဝန်တွေက ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဦးမျိုးရန်နောင်သိန်းက ဒီဗွီဘီကို အတည်ပြုပါတယ်။  အမည်မသိတဲ့ တိုင်ကြားစာကြောင့် သူ့ကို လက်တလောမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စစ်ဆေးမှာဖြစ်ပြီး ဒီစုံစမ်းစစ်ဆေးမှုကိုတော့ တိုင်ကြားစာ စိစစ်ရေး ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ဦးဆောင်ပြီး စစ်ဆေးမှာပါ။  ဒီစစ်ဆေးနေတဲ့ ကာလအတွင်းမှာ ပါတီတာဝန်တာဝန်တွေကို ရပ်ဆိုင်းထားတာဖြစ်ပြီး အပြီးထုတ်ပယ်တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။  တာဝန်တွေကို ယာယီရပ်ဆိုင်းလိုက်ကြောင်း စာကိုတော့ ဇူလိုင် ၂၄ ရက်နေ့ ညနေက လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်စိုး နုတ်ထွက်စာတင်ခဲ့ တယ် ဆိုတာကိုလည်း အတည်ပြုပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up