Home
မြန်မာသတင်း
နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် တရားဥပဒေစိုးမိုးရေး ပျက်စီးစေဟု ပြည်ထဲရေး ဒုဝန်ကြီးပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 25, 2019
67422556_876304249410866_9100910201279610880_o
နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ တိုးတက်တဲ့ နည်းပညာတွေကိုအသုံးပြုလာပြီး တရားဥပဒေစိုးမိုးရေးကို ဆိုးဝါးစွာ ပျက်စီးစေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ “ရာဇာဝတ်ကောင်များ၏ အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်မှုများကြောင့် နိုင်ငံဖြတ်ကျော်မှုခင်း ကွန်ရက်များ ပိုမိုတိုးတက်ဖြစ်ပေါ်လာပြီး အစိုးရများသည် နစ်နာသူများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိပါတယ်။ မှုခင်းပြဿနာများ မကာကွယ်နိုင်လျှင် အစိုးရသည် ပြစ်မှုကျူးလွန်ခြင်းခံရသည့် သားကောင်များသဖွယ်အားနည်းချိနဲ့ နေမည်သာဖြစ်သည်။ နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံတကာ၏ လုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာလျက်ရှိသဖြင့် ပြည်သူ့ဘ၀လုံခြုံရေး၊ ကျန်းမာရေး စီးပွားရေးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ဆိုးဝါးစွာ ပျက်စီးစေလျက်ရှိပါသည်”လို့ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောပါတယ် နှစ်နိုင်ငံ နယ်နိမိတ်တလျှောက်မှာ အုပ်စုဖွဲ့မှုခင်းတွေဟာ တိုးတက်တဲ့ နည်းပညာတွေကို အသုံးပြုပြီး တရားမ၀င် ငွေကြေးခ၀ါချမှုတွေ၊ လူမှောင်ခိုကူးမှုတွေ၊ ဆိုက်ဘာ ပြစ်မှုကျူးလွန်တာတွေ၊ မူးယစ်ဆေးဝါးကုန်ကူးတာတွေ၊ လက်နက်မှောင်ခိုကူးမှုတွေ၊ တောရိုင်းတိရိစ္ဆာန် ရှားပါးမျိုးစိတ်တွေ ကုန်ကူးတာတွေ၊ နျူးကလီးယား အသုံးပြုမှုပစ္စည်းတွေကို ချိတ်ဆက်သယ်ဆောင် ကျူးလွန်နေကြတာလို့ လည်းဆိုပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး အာဆီယံအစည်းအဝေးကို နေပြည်တော်၊ Horizon Lake View Hotel မှာ ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက SOMTC ခေါင်းဆောင်တွေ၊ ဆွေးနွေးဘက်နိုင်ငံတွေနဲ့ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးက တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ် ဒီကနေ့ အစည်းအဝေးအဝေးဟာဆိုရင် ၁၉ ကြိမ်မြောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာလည်း  ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024