တိုက်စစ်မှူး လူကာကူကို ခေါ်ယူချင်တယ်ဆိုရင် အမြန်ဆုံးဆောက်ရွက်ဖို့ မန်ယူအသင်းက အင်တာမီလန်အသင်းကို သတိပေးလိုက်ပါတယ်။
အီတလီကလပ် အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လူကာကူအတွက် ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းက ပယ်ချခဲ့ပြီး ပေါင်သန်း ၉၀ ဝန်းကျင်ရမှ ရောင်းချမယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ကို လာမယ့် သြဂုတ် ၉ ရက်မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် လူကာကူကို ရောင်းချမယ်ဆိုရင် အစားထိုးနိုင်မယ့် တိုက်စစ်မှူးတဦး ပြန်လည်ခေါ်ယူရမှာ ဖြစ်တဲ့အတွက် မန်ယူအသင်းက အမြန်ဆုံး အပြောင်းရွှေ့ဖြစ်ဖို့ အလိုရှိနေတာပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းမှာ လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အသုံးပြုနိုင်မှာဖြစ်သလို တောင်ပံကစားသမား မာရှယ်ကိုလည်း တိုက်စစ်မှာ တင်ကစားလို့ ရနိုင်တာကြောင့် လူကာကူအတွက် မှန်ကန်တဲ့ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။