နိုင်ငံတောင်ပိုင်း ဗျူဟာမြောက်ဒေသကို အစ္စရေးတိုက်ခိုက်သည့် အစီရင်ခံစာရထားဟု ဆီးရီးယား ပြော

ဆီးရီးယားနိုင်ငံ တောင်ပိုင်းက ဗျူဟာမြောက်ဒေသကို အစ္စရေးက တိုက်ခိုက်တယ်ဆိုတဲ့ အစီရင်ခံစာတွေ ရထားတယ်လို့ ဆီးရီးယား အစိုးရရုပ်သံက ဇူလိုင် ၂၄ ရက်မှာ ကြေညာပါတယ်။ အဲဒီဒေသဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေ အခြေစိုက်တဲ့နေရာလို့ သိကြတဲ့အကြောင်း အနောက်နိုင်ငံတွေက ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ရက်စွဲနဲ့ အချိန် မသိရတဲ့ ရုပ်သံတခုထဲမှာ အဆောက်အဦတလုံးကို ဒုံးကျည်ထိမှန်တဲ့ ရုပ်သံကိုလည်း ပြသပါတယ်။ ရုရှားတပ်တွေ ကာလကြာရှည် တပ်ချခဲ့တဲ့ တယ်လ်ဟာရာဒေသမှာ ပစ်ခတ်ခံရတာလို့ အစိုးရရုပ်သံက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပေးခဲ့ပါဘူး။ အဲဒီ တယ်လ်ဟာရာစခန်းကို နောက်ပိုင်းမှာ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်တွေက ထိန်းသိမ်းထားတယ်လို့ အနောက်ဥရောပ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ တယ်ဟာရာဒေသဟာ အစ္စရေးရဲ့ ဂိုလန်ကုန်းမြင့်ကို မြင်ရတဲ့ ဒယ်ရာခရိုင်တောင်ပိုင်းမှာ ရှိလို့ ဗျူဟာအရ အချက်အခြာ ကျပါတယ်။ အရင်လက ဒီနေရာကို ပစ်မှတ်ထားတဲ့ အစ္စရေးဒုံးကျည်တွေကို ပစ်ချခဲ့တယ်လို့ ဆီးရီးယား စစ်တပ်က ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up