ဂါရတ်ဘေးလ်ကို ရောင်းမည့်အစီအစဉ် မပြောင်းလဲဟု ဇီဒန်း အတည်ပြု

ဓာတ်ပုံ - Getty Images
778
တောင်ပံတိုက်စစ်မှူး အဆန်စီယိုရဲ့ဒဏ်ရာ ပြင်းထန်ပေမယ့်လည်း ဂါရတ်ဘေးလ်ကို ရောင်းချသွားမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အတည်ပြုသွားပါတယ်။
ရီးရဲလ်အသင်းဟာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နိုင်ငံတကာ ချန်ပီယံများဖလားပွဲစဉ်မှာ ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ဘေးလ်က ခြေစွမ်းပြခဲ့ပြီး ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။
တဆက်တည်းမှာပဲ တောင်ပံတိုက်စစ်ကစားသမား အဆန်စီယိုဟာလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့လို့ ရာသီကုန်အထိ အနားယူရဖို့ ရှိနေတာပါ။
ဒါပေမယ့် ဂါရတ်ဘေးလ်ကို ရောင်းချမယ့် အစီအစဉ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ မူလကတည်းက စီစဉ်ထားတဲ့အတိုင်း ရောင်းချဖို့ ဆက်ပြီး လုပ်ဆောင်မယ်လို့ ဇီဒန်းက ပြောလိုက်တာ ဖြစ်ပါတယ်။