အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် မာ့ခ်အက်စ်ပါ ကျမ်းကျိန်

အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် မာ့ခ်အက်စ်ပါ ဇူလိုင် ၂၃ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အထက်လွှတ်တော်က ထောက်ခံခဲ့တဲ့ အက်စ်ပါဟာ အရင်က စစ်သားဟောင်းဖြစ်ပြီး လက်နက်ထုတ်လုပ်တဲ့ ရေသီအွန်ကုမ္ပဏီအတွက် မဲဆွယ်ပေးသူလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပေးတဲ့ ဒုတိယမြောက် ပင်တဂွန် အကြီးအကဲလည်း ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် အက်စ်ပါဟာ အမေရိကန်ရဲ့ အဓိကပါတီကြီး နှစ်ခုလုံးရဲ့ ထောက်ခံမှုကို ခိုင်ခိုင်မာမာ ရခဲ့သူပါ။ သူ့ကို အထက်လွှတ်တော် ဒီမိုကရက်ပါတီအမတ် အဲလိဇဘက် ဝါရန်က လွှတ်တော်တွင်း ကြားနာရာမှာ ရေသီအွန်ကုမ္ပဏီနဲ့ ပတ်သက်မှုအတွက် မေးခွန်းတွေကို ထက်ထက်မြက်မြက် မေးခဲ့တာပါ။ သူကတော့ ကုမ္ပဏီနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ရှောင်ဖို့၊ ၂၀၁၇ မှာ လက်မှတ်ထိုးထားတဲ့ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်တွေကို သက်တမ်းမတိုးတော့ဖို့ ပြောခဲ့ပါတယ်။ ရေသီအွန်ဟာ အမေရိကန်မှာ တတိယမြောက် အကြီးဆုံး ကာကွယ်ရေးပစ္စည်းနဲ့ စစ်သုံး အရပ်သုံး အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up