A d v e r t i s e m e n t With Us

ရေနံ​ချောင်းမြို့နယ်၌  ရွာနှစ်ရွာအုပ်စုဖွဲ့ ရန်ဖြစ်ရာက စက်​​လှေနစ်​မြုပ်​ လူ ၃၀ ​ကျော်​ ပျောက်နေ

မကွေးတိုင်းဒေသကြီး၊ ​ရေနံ​ချောင်းမြို့နယ်​မှာ ရွာနှစ်ရွာက ရွာသားတွေ အုပ်စုဖွဲ့ ရန်ဖြစ်ရာက  စက်​​လှေနစ်​မြုပ်လို့ လူ ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ ​ ​ရေနံ​ချောင်းမြို့နယ် အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာနက သိရပါတယ်​။ ​ရေနံ​ချောင်းမြို့နယ်​၊ ကန်​သာရွာသစ်​နဲ့ ဖရဲကျွန်း​ကျေးရွာက လူအုပ်​စု နှစ်ဖွဲ့ မ​နေ့ညနေ  ၃ နာရီဝန်းကျင်​က ​ကျေးရွာ​မြေအငြင်းပွားမှုဖြစ်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ​ဖရဲကျွန်း​ကျေးရွာ အုပ်​စုရဲ့ စက်​​လှေ နစ်​မြုပ်​သွားတာဖြစ်ပါတယ်​။ မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးမှူး  ဦးမန်​ကို​ဟောက “ကမ်းပြိုလို့ ​ရွေ့လာတဲ့အဖွဲ့​တွေ သူဘက်​ကိုယ်​ဘက်​ အငြင်းပွားတာ အဲဒါကကြာခဲ့ပြီ။  မ​နေ့က ၂ နာရီခွဲ​လောက်​မှာ ဖရဲကျွန်းဘက်​က လူအုပ်​နဲ့ ကူးလာပြီး ကန်​သာရွာသစ်​က လူ​တွေရဲ့အိမ်​နှစ်​လုံး တက်​ဖျက်​တယ်​။ ကန်​သာဘက်​ကလည်း လူအုပ်​နဲ့ ​လောက်​ခွ​တွေနဲ့ အပြန်​အလှန်​ထုကြဖြစ်​တယ်​။ ဒီဘက်​ ကန်​သာဘက်​က ရွာနဲ့ကပ်​​တော့ လူ​တွေထွက်​လာကြ​တော့ ဟိုဘက်​က အဖွဲ့​တွေက စက်​​လှေနဲ့ ​ခေါက်​ပြန်​ကဲ့ပြီး လာပို့ထားတာ။ ​နောက်​ဆုံးပို့တဲ့စက်​​လှေကို ဒီဘက်​​ရောက်​ပြီးသား လူအုပ်​က ​ပြေးရင်​ ကမ်း​ပေါ်အကပ်​မခံ​တော့ဘဲ ​ရေထဲဆင်း​ပြေး စက်​​လှေ​ပေါ်ဝိုင်းတက်​​တော့ သုံး​ခေါက်​စာ​ လောက်​လူက ဝိုင်းတက်​​တော့ စက်​​လှေကကမ်းနဲ့ ​ပေ ၂၀ ​ကျော်​​လောက်​မှာ မြုပ်​သွား​တာ။ ကျနော်တို့ရောက်​သွား​တော့ကို ဒီဘက်​ကမ်းမှာ ဖရဲ​ကျေးရွာက လူ၄၀ ​လောက်​​တွေ့ ရလို့ ​လှေ​တွေနဲ့ ပြန်​ပို့​ပေးခဲ့တယ်​” လို့ ​ပြောပါတယ်​။ မ​နေ့ကညကရထားတဲ့ စာရင်းအရ လူ ၃၉ ဦး​ပျောက်​​နေပြီး ဒီက​နေ့မနက်​ပိုင်းမှာ ရှာ​ဖွေကယ်​ဆယ်​​ရေးလုပ်​တဲ့အချိန်​မှာ​တော့ ကျား(၃)ဦးနဲ့ မ(၂)ဦး အ​လောင်း​တွေ့ပြီး အသက်​ရှင်​နေတဲ့ ကျား(၁)ဦး၊ မ(၁)ဦးကို တွေ့ရှိခဲ့ပါတယ်။ ဒီကနေ့အထိ ပြန်မတွေ့သေးဘဲ ပျောက်နေသူ ၃၀  ကျော်​က​တော့ ​ရေထဲမှာလား တခြား​နေရာသွားပုန်း​နေလာဆိုတာ အ​ဖြေကို​ တိတိကျကျ မသိရ​သေးဘူးလို့ မြို့နယ်​​ထွေအုပ်​ရုံးက ပြောပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)၊ ​​မောင်​​ကောက်

A d v e r t i s e m e n t With Us

More News
Up