ရုရှားရှိ နွေရာသီ အပန်းဖြေစခန်းတခုတွင် မီးလောင်၊ ကလေးငယ် ၄ ဦး သေဆုံး

1.6K
ရုရှားနိုင်ငံ အရှေ့ပိုင်းက နွေရာသီ အပန်းဖြေစခန်းတခုမှာ ဇူလိုင် ၂၃ ရက်နေ့က မီးလောင်မှုဖြစ်လို့ ကလေးငယ် လေးယောက် သေဆုံးသွားပါတယ်။
ရုရှားနိုင်ငံ ခါဘာရိုဗ်ခ်စ်မြို့ကနေ ၆ နာရီလောက် ကားမောင်းသွားရတဲ့ အဲဒီစခန်းမှာရှိတဲ့ တဲအလုံးရေ ၂၆ လုံးအနက် အလုံး ၂၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ရုရှားမီဒီယာ Channel One က ဖော်ပြပါတယ်။
အသက်ရှင်တဲ့ ကလေးတွေကို အနီးက နှင်းလျှောစီး အပန်းဖြေစခန်းတခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။