ဗဟိုဘဏ် ညွှန်ကြားချက်ကြောင့် ဘဏ်ဝန်ဆောင်မှု အပြည့်မပေးနိုင်
DVB
·
December 4, 2012
ဗဟိုဘဏ်ရဲ့ တချို့သော ညွှန်ကြားချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ၀န်ဆောင်မှု အပြည့်အ၀ မပေးနိုင်တာဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_31603" align="alignleft" width="300" caption="ဗဟိုဘဏ်(နေပြည်တော်)က ၀န်ထမ်းတဦး (ဓာတ်ပုံ- ရိုက်တာ)"][/caption]
ဘဏ်မှာ ငွေစုဘဏ်စာအုပ်ဖွင့်ပြီး စုဆောင်းထားသူတွေဟာ ကိုယ့်အကောင့်ထဲကို အကြိမ်ကြိမ် ငွေထည့်နိုင်ပေမယ့် ငွေထုတ်ယူမှုကိုတော့ ၁ ပတ် ၁ ကြိမ်ပဲ ထုတ်ပေးနိုင်တဲ့ အကြောင်း၊ ဒီအတွက် အကောင့်ဖွင့်ထားသူတွေ ၁ ပတ်အတွင်း ဒုတိယ ၁ ကြိမ် ငွေလိုရင် ထုတ်မရတော့ဘဲ အခက်အခဲ ဖြစ်ကြကြောင်း၊ ဒီအချက်ကို ပြင်ဆင်ပေးဖို့ ဗဟိုဘဏ်ကို တင်ပြပေမယ့် ဗဟိုဘဏ်က ခွင့်မပြုတဲ့အတွက် ၀န်ဆောင်မှု မပေးနိုင်ကြောင်း သူက ပြောပါတယ်။
ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်း မပေးနိုင်တာ ဗဟိုဘဏ် တာဝန်ရှိသူတွေရဲ့ နှုတ်မိန့်၊ စာမိန့် စတဲ့ ညွှန်ကြားချက် အမျိုးမျိုးကြောင့် ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။