A d v e r t i s e m e n t With Us

ကုန်ဈေးနှုန်းကြောင့် ဘတ်ဂျက်တိုးတောင်းရခြင်းဖြစ်ဟု တပ်မတော်ရှင်းလင်း 

တနှစ်နဲ့ တနှစ် ကုန်ဈေးနှုန်းတွေမတူတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ် ဘက်ဂျက်ကို  ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော် တိုးတောင်းရတာဖြစ်တယ်လို့ တပ်မတော်က ရှင်းလင်းပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၃ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြား ရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောတာပါ။ "ကာကွယ်ရေးဘတ်ဂျက်တိုးတောင်းတာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ယခင်နှစ်က ဆန်တအိတ်ဘယ် လောက်လည်း၊ ဒီနှစ်ဈေးဘယ်လောက်လဲ၊ ယခင်နှစ်က ဆီတစ်ပိဿာဘယ်လောက်လဲ၊ ဒီနှစ်ဈေးဘယ်လောက်လဲ၊ ယခင်နှစ်က တဒေါ်လာ ဘယ်လောက်လဲ၊ ဒီနှစ်တဒေါ်လာ ဘယ်လောက်လဲ အဲအဖြေသာရှာလိုက် အဲဒါဆို သိသွားလိမ့်မယ် " လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ ဖွဲ့စည်းပုံအင်အားကို ထုတ်ပြန်ပေးဖို့ မရှိသလို နိုင်ငံတော် ကာကွယ်ရေးပတ်သက်လို့ လျှို့ဝှက် သင့်တာတွေကို လျှို့ဝှက်ထားမှာဖြစ်တယ်လို့ ပြောပါတယ်။ တပ်မတော်ရဲ့ လစာ၊ ရိက္ခာစရိတ်တွေကိုလည်း ပိုတောင်းစရာအကြောင်း မရှိသလို ဘတ်ဂျက် လျော့နည်းအောင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါ တယ်။ "စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ် ရှိတယ်ဆိုတာ ခဏခဏပြောပြီး သား၊ တပ်မတော်အနေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်၊ ဘာကြောင့် ဆောင်ရွက်နေရလည်းဆိုတော့ အထိုက်အလျောက် ကုန်ဈေးနှုန်းတွေကြီးတာကို လျော့ချနိုင်ဖို့၊ နိုင်ငံတော်ဘက်ဂျက်ကို လျော့ချနိုင်ဖို့ ဒီလို ဆောင်ရွက်နေတာရှိတယ်။ ဒီလိုမျိုးတောင်မှ စစ်သည်တွေအနေနဲ့ ဆောင်ရွက်နေတာရှိတယ်။" ဇူလိုင်လ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အသုံးစရိတ် ကျပ်  ၃၃၇၀ ဒသမ ၇၇၈ ဘီလီယံ ခွင့်ပြုပေးဖို့ ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တောင်းခံထားတာပါ။ ဒီပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ရသုံးမှန်ခြေ ငွေစာရင်း(BE)ထက် ၁၂၂ ဒသမ ၄၁၃ ဘီလီယံ တိုးမြှင့်တောင်းခံလိုက်တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) (သာမန်၊ ငွေလုံးငွေရင်း)မှာ စုစုပေါင်း ကျပ်  ၂၉၀၅ ဒသ မ ၁၉၅ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း(BE) မှာ ကျပ် ၃၂၄၈ ဒသမ ၃၆၅ ဘီလီယံ တောင်းခံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up