Home
အာရှဒေသ
ဖိလစ်ပိုင်ရဲ့ဥပဒေအထက်မှာ အမ်ပါတွမ်မျိုးနွယ်တွေ ရှိနေသလား
DVB
·
December 4, 2012
philippines_massacre_anniversary_web_121201
ဖိလစ်ပိုင်က အရှိန်အ၀ါကြီးတဲ့ အမ်ပါတွမ် မျိုးနွယ်ဝင် ဒါဇင်နဲ့ ချီပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ရှိနေပါတယ်။ အမ်ပါတွမ် မျိုးနွယ်တွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ကြိုးကိုင်သူတွေအနေနဲ့ စွပ်စွဲခံနေရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နိုင်ငံတောင်ပိုင်းက အစုလိုက်အပြုံလိုက် လူသတ်မှုမှာ လူပေါင်း ၈၅ ယောက် သေဆုံးသွားပါတယ်။ သတင်းထောက် ၃၂ ယောက်လည်း အသတ်ခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းမှာတော့ အဆိုးဆုံးအဖြစ်အပျက်တခု ဖြစ်ခဲ့ပါတယ်။ အခုတော့ နောင်နှစ်ရွေးကောက်ပွဲအတွက် အမတ်လောင်းစာရင်းတွေ ထွက်လာတဲ့အခါ  အမ်ပါတွမ်မျိုးနွယ်တွေ ပါဝင်နေတဲ့အတွက် လူတွေက ဒေါသထွက်ကြရပြန်ပါတယ်။ ဖိလစ်ပိုင်မှာ အပြစ်ကျူးလွန်ပေမယ့် အပြစ်ပေးမခံရတဲ့ ယဉ်ကျေးမှုရှိနေသလားဆိုပြီး ဝေဖန်ကြပါတယ်။ မနီလာကနေ ဂျိုင်းစ်ပါနယ်စ်က သတင်းဆောင်းပါးပေးပို့ထားပါတယ်။ မယုယမိုးက တင်ဆက်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024