Home
မြန်မာသတင်း
တပ်မတော်ခေါင်းဆောင်များအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှု ထိုင်းကရင်များ ထောက်ခံ
နန်းမြနဒီ
·
July 23, 2019
အမေရိကန်အစိုးရက  မြန်မာ့တပ်မတော် ထိပ်သီးခေါင်းဆောင်တချို့ကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် ထိုင်းကရင်အဖွဲ့နဲ့ အမေရိကန်ရှိ ကရင်ငြိမ်းချမ်းရေးအဖွဲ့တို့က ထောက်ခံကြောင်း ကြေညာပါတယ်။  ထိုင်းနိုင်ငံကရင်အဖွဲ့ (Karen Thai Group) နဲ့  အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Karen Peace Support Network (K.P.S.N) အဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးကို သွားရောက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုပေါ် ထောက်ခံကြောင်း ထုတ်ပြန်ချက်  ပေးပို့ခဲ့ ပါတယ်။ မြန်မာ့တပ်မတော်ဟာ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့အပေါ် အမေရိကန်က ဇူလိုင် ၁၆ ရက်မှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တကွ အခြားထိပ်သီးစစ်ဗိုလ်ချုပ် ၂ ဦးတို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူ ခဲ့တဲ့ အပေါ် ထောက်ခံအားပေး ချီးကျူးတယ်လို့ KTG ထိုင်းကရင်အဖွဲ့ ဥက္ကဋ္ဌ လွဲဖောဆူရိယ ဘူဖားက အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့ သတင်းစာရှင်းပွဲမှာပြောပါတယ်။  မြန်မာ့တပ်မတော်က ကရင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှုကြောင့် ကရင်ပြည်သူပေါင်း ၄ သိန်းခန့် သေဆုံးခဲ့ရသလို အမျိုးသမီးတွေလည်း လိင် အကြမ်းဖက်ခံရမှုတွေရှိကြောင်း၊ ပြည်သူပေါင်းများစွာ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရကြောင်း၊ လ က်ရှိအခြေအနေမှာ မြန်မာ့တပ်မတော်က အန်စီအေ သဘောတူချက်ကို ချိုးဖောက်ပြီး ကရင်ပြ ည်နယ်ထဲ စစ်အင်အားတိုးချဲ့လာကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အကြံပြုချက်တွေကို လည်း လက်မခံဘဲပယ်ချခဲ့တယ်လို့ ထိုင်းကရင်အဖွဲ့ ဥက္ကဋ္ဌက ဆက်ပြောပါတယ်။  မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်သွင်းရောင်းချမှုကို ပိတ်ပင်ဖို့နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့လည်း ထိုင်းကရင်အဖွဲ့က နိုင်ငံတကာကို တိုက်တွန်းပြောကြား လိုက်ပါတယ်။  ကိုးကား - မန်နေဂျာအွန်လိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024