A d v e r t i s e m e n t With Us

ပုဆိုးလုံခြည်ရဲ့ အသုံးဝင်ပုံကို ရိုက်ထားသည့် ကြော်ငြာ လူကြိုက်များနေ – ရုပ်သံ

ဘောင်းဘီရှည်ဝတ်ဆင်ရတာကို ငြီးငွေ့စိတ်ကုန်လာတဲ့ အမျိုးသားတွေ ဘောင်းဘီအစား  ပုဆိုးလုံခြည်ကို ၀တ်ဆင်ကြဖို့ ရိုက်ကူးထားတဲ့ ကြော်ငြာရုပ်သံတခု လူမှုကွန်ရက်မှာ လူကြိုက်များနေပြီး ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၁ သန်းခွဲကျော်ရှိနေ ပါတယ်။   Longyi Brothers လို့အမည်ပေးထားတဲ့ ရုပ်သံကြော်ငြာဗီဒီယိုမှာတော့  လုံခြည်ဟာ ခြည်ထည် ၁၀၀ ရာခိုင်နှုန်းနဲ့ ချုပ်လုပ်ထားတာဖြစ်ပြီး ၀တ်ဆင်ရတာလွယ်ကူသလို လှည့်ဝတ်လို့ ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လုံခြည်ကို ကျောပိုးအိပ်အဖြစ်လည်းကောင်း၊ ပင်လယ်ကမ်းခြေမှာ နေပူစာလှုံဖို့ ကုလားထိုင်အဖြစ်လည်းကောင်း၊ နေပူတဲ့အကာ အမိုးအကာအဖြစ်လည်းကောင် သုံးနိုင်တဲ့အပြင်  ဇနီးမမြင်အောင် ပုန်းကွယ်ပြီးသွားနိုင်သလို ချစ်သူကိုလည်း နောက်ကျောမှာ လုံခြည်ထဲထည့်ပြီး သယ်ပိုးသွားလို့ရတယ်လို့လည်း ဟာသနှောပြီး တင်ပြထားပါတယ်။ Ilias Hussain ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်အကောင့်မှာ တင်ထားတဲ့ ဒီရုပ်သံကို ကြိုက်နှစ်သက်လို့ Like လုပ်သူပေါင်း 16 K နဲ့ မျှဝေသူပေါင်း ၂၆၆၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up