မွမ်ဘိုင်းရှိ အစိုးရအဆောက်အဦတခု မီးအကြီးအကျယ်လောင်၊ လူရာချီ ပိတ်မိ (ရုပ်သံ)
Published By
DVB | 23 July, 2019
1.8K
0
Share
0
Comment
0
Likes
အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက အထပ် ၉ ထပ်ရှိတဲ့ အစိုးရ အဆောက်အဦမှာ ဇူလိုင် ၂၂ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး လူအတော်များများ ပိတ်မိနေလို့ ကယ်ထုတ်ရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
အစိုးရပိုင် တယ်လီကွန်ကုမ္ပဏီ MTNL ရုံးစိုက်ရာ အဆောက်အဦထဲမှာ လူအယောက် တရာနီးပါး ပိတ်မိနေနိုင်တယ်လို့ ရုပ်သံသတင်းဌာနတွေကလည်း ကြေညာပါတယ်။
မီးသတ်ကား ၁၄ စီးနဲ့ ကြိုးစားငြှိမ်းသတ်နေတယ်၊ အဆောက်အဦရဲ့ တတိယနဲ့ စတုတ္ထ အထပ်တွေကို မီးလောင်နေတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
၈ ထပ်နဲ့ ၉ ထပ် အလွှာတွေက ဝရံတာတွေမှာ လူအယောက် လေးဆယ်လောက် ပိတ်မိနေတယ်လို့ ကယ်ဆယ်ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
အဆောက်အဦ ထိပ်ဆုံးက လသာဆောင်မှာ လူတအုပ်ကို မြင်ရပြီး အဲဒီလူတွေကို မီးသတ်သမားတွေက ဝန်ချီစက်တွေ အသုံးပြု ကယ်ထုတ်ခဲ့ရပါတယ်။