A d v e r t i s e m e n t With Us

အွန်လိုင်းက တရားမ၀င် ရောင်းချသည့်  H1N1 ကာကွယ်ဆေးများ FDA သတိပေး

အွန်လိုင်းက ရောင်းချနေတဲ့ H1N1 ကာကွယ်ဆေးတွေထဲမှာ တရားမဝင်တာတွေ ပါဝင်နေတာကြောင့် သတိပေးစာထုတ်သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်က ဒီဗွီဘီကိုပြောပါတယ်။ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးမှုတွေ မေလ၊ ဇွန်လမှာ စတင်ဖြစ်ပွားလာ ကတည်းက အများပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးထိုးတာတွေ များပြားလာတာပါ။ ကာကွယ်ဆေးတွေကို ဆေးရုံ၊ ဆေးခန်းတွေမှာ ထိုးနှံကြသလို နောက်ပိုင်းမှာအွန်လိုင်းမှာ ရောင်းချလာတာတွေ ရှိတဲ့အပေါ် အခုလို သတိပေးဖို့ ပြင်ဆင်နေတာပါ။ FDA ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်က “‌ဆေးရုံတွေမှာ ထိုးနေတာက ကျမတို့ဆီက ထောက်ခံပြီးသားတွေပါ။ ဆေးတွေမှာ ဖတ်ကြည့်လိုက်ရင် FDA ထောက်ခံချက်ကိုတွေ့ နိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း အွန်လိုင်းမှာ တွေ့လာရတဲ့ ဆေးတွေက ထောက်ခံချက်မယူထားဘူး။ အဲဒီ့အတွက် ပြည်သူတွေ အတွက် အကာကွယ်ပေးနိုင်မပေးနိုင် မသိနိုင်ဘူး။ အဲဒီ့အတွက် မကြာမီ စာထုတ်ဖို့ ကျမတို့ ပြင်ဆင်နေတယ်”လို့  ဒီဗွီဘီကိုပြောပါတယ်။ ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးတွေဟာ လက်ရှိမှာ တလုံးကို ကျပ်၂ သောင်း ဝန်းကျင်နဲ့ အထက် ရှိပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဇူလိုင် ၂၂ ရက်အထိ ထုတ်ပြန်ချက်အရ H1N1 ကြောင့် သေဆုံးသူ ၆၇ ဦး၊ ဖြစ်ပွားသူ ၃၆၂ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးက ၅၄ ဦးနဲ့ သေဆုံးသူ အများဆုံး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up