ဆီးရီးယား အတိုက်အခံ ထိန်းချုပ်ရာမြို့ကို လေကြောင်းတိုက်ခိုက်၊ ၃၂ ဦးထက်မနည်း သေဆုံး
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အတိုက်အခံတွေ ထိန်းချုပ်ရာ မြို့တမြို့မှာ ဇူလိုင် ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။
ဆီးရီးယား ဒါမှမဟုတ် ရုရှားဂျက်လေယာဉ်တွေလို့ ယုံကြည်ရတဲ့ ဒီစီးနင်းတိုက်ခိုက်မှုဟာ အီဒလစ်ပြည်နယ်တောင်ပိုင်း လူနေထူတဲ့ မားရပ်တာနမ်မန်မြို့ကို ပစ်မှတ်ထားခဲ့တာပါ။
ဦးထုပ်ဖြူအဖွဲ့လို့ လူသိများတဲ့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ တင်တဲ့ပို့စ်မှာ ပြိုကျ အဆောက်အဦ အတွင်းကနေ ကလေးငယ်တယောက်ကို ကယ်ဆယ်နေတာ တွေ့ရပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ အီဒလစ်ပြည်နယ်မှာ ဘာမစ်ရှင်မှ ပျံသန်းတာမရှိဘူးလို့ ပြောပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ငြင်းဆိုခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကလည်း သူပုန်တွေ ပစ်ခတ်တဲ့ အမြောက်ကျည်ဆန်တွေကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။