ၾသစေၾတးလ် ဆႏၵျပပြဲ သတင်းယူသည့် ပြင်သစ်သတင်းထောက်နှင့်အဖွဲ့ ဖမ်းဆီးခံရ

981
သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်က ကျောက်မီးသွေး ဆိပ်ကမ်းကို ပိတ်ဆို့ ဆန္ဒပြနေသူတွေအား သတင်းရိုက်ကူးနေတဲ့ ပြင်သစ်ရုပ်သံ သတင်းထောက်နဲ့အဖွဲ့တို့ ဇူလိုင် ၂၂ ရက်က အဖမ်းခံရပါတယ်။
အသက် ၂၉၊ ၃၀၊ ၃၂ နဲ့ ၃၉ နှစ်အရွယ် အသီးသီးရှိတဲ့ ပြင်သစ်အမျိုးသားတွေ အပါအဝင် လူ ၇ ယောက်ကို ဖမ်းထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျောက်မီးသွေးတွင်းထဲက ရထားလမ်းကို အခွင့်မရှိဘဲ ဖြတ်ကျော် ဝင်ရောက်မှုနဲ့ သူတို့ကို တရားစွဲထားတယ်လို့လည်း ပြောပါတယ်။
ဖမ်းထားသူတွေ ဘယ်သူဘယ်ဝါဆိုတာ ရဲက မပြောခဲ့ပါဘူး။ သတင်းထောက် ဟူဂို ကလဲမန့်နဲ့ သူ့ရဲ့ ရုပ်သံအဖွဲ့ဟာ France 2 ရုပ်သံဌာနအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေခဲ့တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူအုပ်စု Frontline Action on Coal က ဆိပ်ကမ်းမှာ ပြောပါတယ်။
သူတို့ဟာ ကွင်းစလန် ပြည်နယ်ထဲမှာ ကျောက်မီးသွေး တူးနေတဲ့ အိန္ဒိယကုမ္ပဏီ အဒါနီ အင်တာပရိုက်စ်ကို ဆန့်ကျင်ဆန္ဒပြနေတာပါ။
သတင်းထောက်နဲ့ အဖွဲ့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်ရဲ့ ဘိုဝမ် ခရိုင်တရားရုံးမှာ စက်တင်ဘာ ၃ ရက် စစ်ဆေးမှာ ဖြစ်ပါတယ်။
သတ္ထုတွင်းနဲ့ ရထားလမ်း စီမံကိန်းကို ဆန္ဒပြလာတာ ဆယ်နှစ်နီးပါး ရှိပါပြီ။ ဒါပေမယ့် ကုမ္ပဏီဟာ လုပ်ငန်းစဖို့ အတည်ပြုချက်ကို ဇွန်လက ရရှိခဲ့ပါတယ်။