A d v e r t i s e m e n t With Us

ဖျာပုံမြစ် သာစည်ဘုရားကြီးရှေ့ငါးများ ခိုးယူဖမ်းဆီးပါက အရေးယူမည်

ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးရှေ့ ဖျာပုံမြစ်အတွင်း သဘာဝအလျောက် လာနေကြတဲ့ ငါးဒါန်ငါးတွေကို ခိုးယူဖမ်းဆီးပါက ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒီနေ့ ထုတ်ပြန်ပါတယ်။ "ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၁ နာရီအချိန့်လောက်မှာ ဖျာပုံမြို့ သားစည်ဘုရားကြီးမှာ သဘာဝအလျောက် လာနေကြတဲ့ ဘုရားဖူးငါးကောင်ရေ ၇၂ ကောင် ခိုးဖမ်းနေတာကို ပိုက်တွေ၊ ငါးတွေ ဖမ်းမိခဲ့ပြီး ရှေးကာလတွေမှာလည်း မကြာခဏ ငါးဒန်တွေ ခိုးဖမ်းခံနေရတယ်''လို့ သာစည်ဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ငါးမဖမ်းရ နယ်မြေကို ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်အကြားရှိ ဖျာပုံမြစ်အတွင်၌ ဖျာပုံ တံတားမှ ရေခဲဒိုင် တံတားအထိ သတ်မှတ်ထားပြီး ငါးဖမ်းပါက ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၇၊ ပုဒ်မ ၆၂ တို့နဲ့ အရေးယူဆောင်သွားမယ်လို့ ဆိုပါတယ်။ ဖျာပုံမြို့ဌာနဆိုင်ရာ ပူးပေါင်းရေးအဖွဲ့ကလည်း ငါးမဖမ်းရနယ်မြေအတွင်း ငါးခိုးဖမ်းသူတွေကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ သာစည်ဘုရားကြီးရှေ့ ဖျာပုံမြစ်အတွင်းရှိ ငါးဒန်ငါးတွေကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေက ငါးစာကြွေးကုသိုလ်ပြုနေတာပါ။ ကျော်စိုးမိုး  

A d v e r t i s e m e n t With Us

More News
Up