ဂါရတ်ဘေးလ် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် နီးစပ်

1.4K
ရီးရဲလ်မက်ဒရစ်အသင်းက ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ဘေးလ်ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်က ဝန်ခံပြောကြားထားပြီး အမြန်ဆုံး ရောင်းထုတ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုပြီးအဆင်ပြေမှာ ဖြစ်တယ်လို့ ဇီဒန်းက ပြောပါတယ်။
အဲဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူကလည်း ဇီဒန်းကို လူကြီးလူကောင်း မပီသတဲ့သူအဖြစ် ဝေဖန်ခဲ့ပါတယ်။
အသက် ၃၀ ရှိ ဂါရတ်ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလားမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ဘေးလ်ဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၃ သုံးခွဲအထိ ရရှိနေသူဖြစ်ပါတယ်။
တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဟာ ဘေးလ်ရဲ့ များပြားတဲ့လုပ်ခလစာကို ပေးချေဖို့ အဆင်ပြေပေမယ့်လည်း ပြောင်းရွှေ့ကြေး ပေးချေလိုခြင်း မရှိတာကြောင့် ရီးရဲလ်အသင်းနဲ့ ဆက်ပြီး ညှိနိုင်းရမယ်လို့ သိရပါတယ်။