လီဗာပူးတွင် ဆက်ရှိရန် မသေချာကြောင်း ဂျိမ်းစ်မီလ်နာ ပြော

671
လီဗာပူးအသင်းမှာ ဆက်ရှိဖို့ မသေချာတော့ကြောင်း ဒုအသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက ဝန်ခံပြောကြားလိုက်ပါတယ်။
ဝါရင့်ကွင်းလယ်ကစားသမား မီလ်နာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။
တနှစ်သက်တမ်းသာ ကျန်ရှိတော့ပေမယ့်လည်း အသင်းဘက်က လက်ရှိအချိန်အထိ ကမ်းလှမ်းမှုတစုံတရာ မရှိသေးတဲ့အကြောင်း မီလ်နာက ပြောပါတယ်။
မီလ်နာရဲ့ အေးဂျင့်တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အသင်းနဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မီလ်နာဟာ ကစားသမားဘဝ စတင်ရာ ကလပ်ဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
လီဗာပူးမှာ ဆက်နေဖို့အတွက် ပွဲထွက်ကစားခွင့်၊ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကောင်းပြသဖို့ လိုအပ်ပြီး အဲဒီသုံးချက်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း မီလ်နာက ပြောပါတယ်။