A d v e r t i s e m e n t With Us

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို ရုံးထုတ်စစ်ဆေး

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ရန်ကုန် ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ဇူလိုင် ၂၂ ရက်မနက်က ရုံးထုတ်စစ်ဆေးပါတယ်။ ရုံးချိန်မှာ တရားလိုပြသက်သေကို စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြန်လှန်မေးခွန်း စစ်ဆေးမေးမြန်းခဲ့တာပါ။  သံချပ်အဖွဲ့ဝင်တွေ သင်္ကြန်တွင်းသံချပ်ဖျော်ဖြေခဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ ဦးတည်ပြီး သံချပ်ထိုးခဲ့တာဖြစ်တဲ့အတွက် အခုလို ပုဒ်မတပ်ပြီး တရားစွဲဆိုတာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေကပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း ကိုဖိုးသား၊ ကိုချစ်ယုံ၊ မကေခိုင်ထွန်းနဲ့ မဆုရတနာမြင့်တို့ကို သင်္ကြန်တွင်းသံချပ်ဖျော်ဖြေခဲ့တာ နဲ့ပတ်သက်ပြီး တပ်မတော်ကို ထိခိုက်စေတယ်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာပါ။  ချမ်းမြေ့မောင်

A d v e r t i s e m e n t With Us

More News
Up