A d v e r t i s e m e n t With Us

ရွှေဘိုမြို့တည်၊ နန်းတည် ၂၆၆ နှစ်မြောက် အထိမ်းအမှတ်ကျင်းပ

အ​လောင်းမင်း​တရားကြီး ဦး​အောင်​​ဇေယျတည်ထောင်ခဲ့တဲ့ ရွှေဘိုမြို့ မြို့တည်နန်းတည် ၂၆၆ နှစ်မြောက် အထိမ်းအမှတ်ပွဲကို ဇူလိုင် ၂၂ ရက်က ရွှေဘိုမြို့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်မှာ ကျင်းပ​ပါတယ်။ နောင်တော်ကြီးအနွယ်တော် မင်းတုန်းမင်းအနွယ်တော် သီပေါအနွယ်တော် ကနောင်နွယ်တော်စတဲ့ ကုန်းဘောင် မင်းဆက် ၁၁ ဆက်ရဲ့ ဆွေတော်မျိုးတော်တွေနဲ့အတူ ရွှေဘိုမြို့သူမြို့သားတွေနဲ့ ပူးပေါင်း ကျင်းပ​ကြတာပါ။ အလောင်းမင်းတရားကြီးရဲ့ အနွယ်တော်ဝင်မြစ်ဖြစ်သူ တော်မိုးမိုးက “ကျမတို့ရဲ့ ဘိုးတော် အလောင်းမင်းတရားကြီးရဲ့ လက်ရုံးရည် နှလုံးရည်ကို ပြည်သူတွေနဲ့ ရွှေဘိုသူ ရွှေဘိုသားတွေ အမှတ်တရဖြစ်စေပြီး မမေ့မလျော့အောင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ရဲစွမ်းသတ္တိ စစ်ဗျူဟာတွေ လုံးလ ဝရိယ ဇွဲ ဉာဏ်ပညာအမြော်အမြင် သာသနာကို အလေးထားဆောင်ရွက်ပြီး ဒါနပြုခဲ့တဲ့ ဂုဏ်ကျေးဇူးကို သတိရစေပြီး ငါးမည်ရလို့ တွင်ခဲ့တဲ့ ရွှေဘိုမြို့ကြီး ၂၆၆ နှစ်မြောက် မြို့တည်​ခဲ့သလို နန်းလည်းတည်ခဲ့တဲ့ ထိမ်းအမှတ်အနေနဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတာ”လို့ ပြောပါတယ်။ မုဆိုးဘို၊ ရန်ကြီးအောင်၊ ရတနာသိင်္ခ၊ ကုန်းဘောင်၊ ရွှေဘို ဆိုပြီး မြန်မာမင်းအဆက်ဆက်မှာ  ငါးမည်ရခဲ့တဲ့ မြို့ကြီးတမြို့လည်းဖြစ်ပါတယ်။ တတိယမြန်​မာနိုင်​ငံ​တော်​ကြီးကို တည်​​ထောင်​ခဲ့ပြီး ကုန်း​ဘောင်​မင်းဆက်​ရဲ့အစဦး ဘုရင်​ဖြစ်​တဲ့ အ​လောင်းမင်း​တရားကြီးဦး​အောင်​​ဇေယျကို အမှတ်​တရ ဂုဏ်ပြုတဲ့အနေနဲ့ ရွှေဘို ရတနာသိင်္ဃ မြို့တည်​နန်းတည်​ ၂၆၆ နှစ်ပြည့်ပွဲကို ကျင်းပတာလည်းဖြစ်ပါတယ်။ မြန်​မာ​တော်​ဝင်​အနွယ်​​တော်​များအစည်းအရုံး MRDA ကဦး​ဆောင်ကျင်းပတဲ့ အ​လောင်းမင်း​ တရားကြီးဦး​အောင်​​ဇေယျ အမှတ်​တရဂုဏ်​ပြုပွဲမှာ သံဃာတော် ၉ ပါးကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူ ဒါန်းပြီး ရေစက်ချအမျှဝေခဲ့ကြပါတယ်။ မြေးတော် မြစ်တော် တီတော်တွေဖြစ်တဲ့ အနွယ်တော်ဝင် ဆွေတော်မျိုးတော် ၂၅၀ ကျော်က လည်း အလောင်းမင်းတရားကြီးကို လာရောက်ဂါဝရပြု​ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up