အများပြည်သူနှင့်ဆိုင်သည့်နေရာများ၌ တိရစ္ဆာန် အစာကျွေးပါက အရေးယူမည်





1.1K
ရန်ကုန်မြို့ရှိ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ တိရစ္ဆာန်တွေ အစာကျွေးရင် အရေးယူတော့မယ်လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက သတိပေးလိုက်ပါတယ်။
မြို့တော်နယ်နမိတ်အတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ထိခိုက်စေတဲ့ တိရစ္ဆာန်တွေကို အစာမကျွေးဖို့၊ မလိုက်နာဘူးဆိုရင် စည်ပင်ဥပဒေအရ အရေးယူမယ်ဆိုတဲ့ သတိပေးစာတွေကို ဒီနေ့ လိုက်လံ ချိတ်ဆွဲနေပါတယ်။
မလိုက်နာသူကို ပုဒ်မ ၃၂၂ (မ) အရ အရေးယူမယ်လို့ဆိုပြီး ဒီပုဒ်မအရ ငွေဒဏ်ကျပ် ၅၀၀၀၀ ကနေ ကျပ် တသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လ၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
ရပ်ကွက်တွေက ရပ်မိရပ်ဖတွေအနေနဲ့လည်း ကိုယ့်ရဲ့ လမ်းတွေမှာ ဒီအသိပေးစာတွေကို ချိတ်ဆွဲနိုင်တယ်လို့ မြို့နယ်စည်ပင်ဥက္ကဋ္ဌက အသိပေးထားပါတယ်။
စည်ပင်ဥပဒေ ပုဒ်မ၃၂၂ (ယ) အရလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေနဲ့ လမ်းတွေပေါ်ကို အညစ်အကြေးစွန့်ပစ်တာနဲ့ အိမ်မွေး တိရစ္ဆာန် အညစ်အကြေးတွေ စွန့်ပစ်မယ်ဆိုရင် ငွေဒဏ်ကျပ် ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိ ချမှတ်နိုင်ပါတယ်။