ဂျပန်တွင် ဥမင်လှိုင်ခေါင်းပြိုကျ၊ အနည်းဆုံး လူ ၉ ဦး သေဆုံး

ဂျပန်နိုင်ငံမှာ ဥမင်လှိုဏ်ခေါင်း ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ တိုကျိုကနေ မိုင် ၅၀ အကွာက ဆာဆာဂို လှိုဏ်ခေါင်း ဒီဇင်ဘာ ၂ ရက်နေ့က ပြိုကျ မီးလောင်ခဲ့ပြီး လှိုဏ်ခေါင်းတွင်း ပိတ်မိသေဆုံးခဲ့တာပါ။ ကွန်ကရစ်တွေ ပြုတ်ကျလို့ ပျက်စီးနေတဲ့ ယာဉ် ၃ စင်းပေါ်မှာ အလောင်းတွေကို တွေ့ခဲ့ တာ ဖြစ်ပါတယ်။ လှိုဏ်ခေါင်းပြိုကျခဲ့ပြီးတော့ ကျန်ရစ်တဲ့သူတွေက ခြေလျင်ထွက်ပြေးခဲ့ကြ ပါတယ်။ သေဆုံးတဲ့လူတွေ ပိုများလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေသလို ရဲတွေကလည်း စုံစမ်းစစ်ဆေးတာတွ လုပ်နေပါတယ်။ ဂျပန်ရဲ့ အရေးပါတဲ့ ယာဉ်သွားလမ်းကြောင်းပေါ်မှာရှိတဲ့ လှိုဏ်ခေါင်း ဘာကြောင့် ပြိုကျသလဲဆိုတာ မေးခွန်းတခုအဖြစ် ပေါ်ထွက်နေပါတယ်။ ဒီလှိုဏ်ခေါင်းဟာ ၂ မိုင်ခွဲကျော် ရှည်လျားတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ အရေးပေါ် အဖွဲ့တွေက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်း ၅ လောင်းကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဝေးပြေးလမ်းမကို တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိက ကုမ္ပဏီကတော့ ပြီးခဲ့တဲ့၂ လ တုန်းက စစ်ဆေးတာတွေ လုပ်ဆောင်ရာမှာ အခြေအနေကောင်းတဲ့အကြောင်း အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။  

//
More News
Up