အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၁ ဦးသေဆုံး အများပြားဒဏ်ရာရ
DVB
·
July 21, 2019
ဒီနေ့ နေ့လယ်ပိုင်းက ပခုက္ကူ-ရန်ကုန်သွား ကားတစီး အမြန်လမ်းမှာ တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နေ့လယ် ၂ နာရီခွဲအချိန်က နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင် ၁၆၅၊ ဆွာတံတားနားမှာ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ဟာ လမ်းညာဘက်မှာ အရှိန်လွန် တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ကနဦး စိစစ်ချက်အရ ခရီးသည် ၆၅ ယောက်ထဲမှာ အမျိုးသမီးတယောက်သေပြီး ဒဏ်ရာရသူများတယ်လို့လည်း ဆိုပါတယ်။