Home
မြန်မာသတင်း
အာဆင်နယ်က ဝီလျံဆယ်လီဘာကို ခေါ်ယူရန် အပြီးသတ်သဘောတူညီမှုရရှိ
DVB
·
July 21, 2019
အာဆင်နယ်အသင်းဟာ စိန့်အက်တီယန်နီအသင်းရဲ့ လူငယ်ဗဟိုခံစစ်ကစားသမား ဝီလျံဆယ်လီဘာကိုခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဆယ်လီဘာအတွက် ပေါင် ၂၇ သန်းပေးချေရမှာဖြစ်ပေမယ့် ပြင်သစ်ကလပ်ထံ တရာသီအငှားပြန်ချပြီး နောက်ရာသီမှ ငွေချေရမှာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ မထင်မှတ်ဘဲ ဈေးပြိုင်ပေး ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် ဆယ်လီဘာကတော့ အာဆင်နယ်အသင်းကို ပဲရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဆယ်လီဘာဟာ အာဆင်နယ်အသင်း အနာဂတ်အတွက် အကျိုးရှိမယ့် ခေါ်ယူမှုတခုဖြစ်ပြီးတော့ နောက်တန်းအားနည်းချက်ကို ပြင်ဆင်နိုင်မယ့် ကစားသမားဖြစ်လာလိမ့်မယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေပါတယ်။ နည်းပြအူနိုင်းအန်မေရီရဲ့ ပြောကြားချက်အရဆိုရင်တော့ နောက်ထပ်ပြောင်းရွှေ့ကြေးမြင့် ကစားသမား ၃ ဦးကနေ ၄ ဦးလောက်ထိ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး အဲဗာတန်ဟာလည်း လန်ဒန်အခြေစိုက် လပ်ကိုရောက်ရှိ လာဖို့နီးစပ်နေပြီလို့လည်းသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024