A d v e r t i s e m e n t With Us

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ အစီရင်ခံစာ ထောက်ခံပွဲ ကျောက်ပန်းတောင်းတွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီရဲ့ အစီရင်ခံစာ ထောက်ခံပွဲကို ကျောက်ပန်းတောင်းမြို့မှာ ပြည်သူ ၂၀၀၀ လောက်က ဒီက​နေ့ မနက်​ပိုင်း ပြုလုပ်ခဲ့ပါတယ်​။  နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက် ဦးဆောင်သူ ဦးရဲခေါင် က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး အကုန်လုံးနဲ့ ဆက်စပ်နေတဲ့ အတွက် ကျနော်က အလုံးစုံ အောင်မြင်နိုင်ဖို့ ယုံကြည်ထားပါတယ်။ တိုင်းပြည်မှာ တာဝန်ရှိသူတွေ အဓိက တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို အမြန်ပြုပြင်မှသာလျှင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စီးပွားရေးကအစ အကုန်လုံး အစစအရာရာ ပြန်လည်ကောင်းမွန်နိုင်တဲ့အတွက် တပ်မတော်အနေနဲ့ သဘောထားကြီးစွာနဲ့ ပြန်လည်ပြု ပြင်​​ပေးဖို့ တောင်းဆိုပါတယ်” လို့​ပြောပါတယ်​။ ​ထောက်​ခံပွဲကို ​ကျောက်​ပန်း​တောင်းမြို့ သီရိမင်္ဂလာရပ်ကွက် ပန်းသီတာဥယျာဉ်ပန်းခြံမှ စတင်ပြီး ကုန်းတော်ကြီးလမ်းဆုံ၊ ဘူတာလမ်းဆုံ၊ မီးသတ်လမ်းဆုံတို့မှ လွှတ်လပ်ရေးရပ်ကွက် မြို့နယ်အားကစားကွင်းအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်​ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အနာဂတ်နိုင်ငံတော် သာယာလှပရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေး၊ ပြည်သူ့ဆန္ဒ အကောင်အထည်ဖော်ဖို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ကြစို့၊ ၂၀၀၈ ဖွံစည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ပြည်သူအားလုံး ထောက်ခံစို့ စတဲ့ စာသားပါ ဗွီနိုင်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်​။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up