တူရကီတွင် ရေလွှမ်းမိုးမှုကြောင့် ၁ ဦးသေဆုံး၊ ၆ ဦး ပျောက်နေ

644
တူရကီနိုင်ငံမှာ မိုးကြီးပြီး ရုတ်တရက် ရေလွှမ်းမိုးခဲ့လို့ လူတယောက်ထက် မနည်း သေဆုံးပြီး ၆ ယောက် ပျောက်နေတယ်လို့ တူရကီရုပ်သံ CNNTURK က ဇူလိုင်၂၀ မှာ အစီရင်ခံပါတယ်။
နိုင်ငံမြောက်ပိုင်း ဒူဂျေနဲ့ အာဂျာကိုဂျာ ခရိုင်တွေမှာ အိမ်တလုံး ပြိုကျပြီး ကားတွေ ရေစီးနဲ့ မျောပါနေပုံတွေကို ဇူလိုင် ၁၈ ရက်က ရုပ်သံ ရိုက်ကူးထားပါတယ်။
ရေလွှမ်းဧရိယာတွေမှာ သောင်တင်နေတဲ့ လူ ၆၉ ယောက်ထက် မနည်းကို ရဟတ်ယာဉ်တွေ သုံးပြီး ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။
ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပုံ ရုပ်သံကို ဇူလိုင် ၁၉ ရက်က ဖြန့်ချိခဲ့ပါတယ်။ ရေဘေးသင့်ရွာတွေမှာ စနေနေ့က ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ ပျောက်နေတဲ့ လူ ၆ ယောက်ကိုလည်း ရှာနေကြပါတယ်။