Saturday, June 10, 2023
HomeLead Storyရင်ဖွင့်စာ

ရင်ဖွင့်စာ

ရင်ဖွင့်စာ

ကျူးမြေတွေက တိုက်တွေ ဖြစ်ကုန်ပါပြီ

ကျနော် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျင်မှော်အနောက်မှာ နေပါတယ်။ ကျနော်တို့ဘက်မှာ ကျူးမြေတွေ ရှိပါတယ်။ နေရာက ၄၁ လမ်း အနောက်ထိပ် ညဈေးအရှေ့ဘက်ကပါ။ အဒီကျူးမြေတွေကို သံနောက် မန်းစည်ပင် ရွေကောက်ပွဲတုန်း ကျူးမြေတွေ နှင်မလိုလိုနဲ့ ခု ဒီအတိုင်းပဲ ရှိနေတာပါ။ ခု ကျူးမြေတွေက တိုက်တွေ ဖြစ်ကုန်ပါပြီ။    သက်ဆိုင်ရာ ဌာနများကို တိုင်ကြားပေးပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။

Min Ku Tha

 

ရဲမဖမ်းသည့် ဇီးကုန်းမြို့နယ်က  နှစ်လုံးသုံးလုံးနှင့်ကြက်ဝိုင်းများ

ကျနော်က သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းအုပ်စု၊ မြောက်လွတ်ကုန်းရွာပါ။ ကျနော်တို့ဆီမှာ ၂ လုံး၊ ၃ လုံး၊ ကြက်ဝိုင်းတွေ လုပ်နေကြတယ်။ လူကြီးတွေ၊ ရာအိမ်မှူးတွေ သိတယ်။ အဲဒါ ရဲတွေ ဘာလို့ မဖမ်းတာလဲ။ လူကြီးတွေ ရာအိမ်မှူးတွေ ပိုက်ဆံပေးထားလို့လား။ အဲဒါကို အထက်က တာဝန်ရှိသူတွေ သိစေချင်ပါတယ်။

 

စိုက်စရိတ်ချေးငွေ မရတာ ငါးနှစ်ရှိပြီ၊ ကူညီပေးပါ

ကျနော်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာအုပ်စု၊ နွားမော့ကျေးရွာကပါ။ ကျနော်တို့ ကျေးရွာမှာရှိတဲ့ တောင်သူတွေမှာ နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများ ချေးခွင့်မရသည်မှာ ငါးနှစ်ခန့် ရှိနေပါပြီ။ သို့ဖြစ်ပါ၍ ဒီဗွီဘီကတဆင့် တင်ပြ အကူညီ တောင်းခံပါတယ်။

ကိုကျော်

 

လောင်းကစားပေါင်းစုံ ခေတ်စားနေတဲ့ ပဲခူးမြို့

အခုနှစ်ပိုင်းမှာ ဖုန်းနဲ့ ဖဲ၊ ငါးဂိမ်း စတဲ့ လောင်းကစားပေါင်းစုံ ပဲခူးမြို့ရဲ့ရပ်ကွက်တွေထဲမှာ တော်တော် ခေတ်စားနေပါတယ်။ အထူးသဖြင့် ဆိုရှယ်လစ်ရပ်ကွက်၊ ဆိုရှယ်လစ် ၁၃ လမ်းမှာဆို ဖုန်းနဲ့ ဖဲရိုက်၊ ငါးပစ် လောင်းကစားအစုံကို ငွေကြေး မြောက်မြားစွာနဲ့ လုပ်စားနေပါတယ်။ ရပ်ကွက်ထဲက လူကြီး၊ ကလေး၊ မိန်းမ အရွယ်ပေါင်းစုံ ထိုလောင်းကစားနဲ့ ရှိစုမဲ့စုကုန်တဲ့ ဘဝတွေ ဖြစ်ကုန်ကြပါပြီ။ ဒါကို တာဝန်ရှိသူတွေ မသိချင်ယောင် ဆောင်နေတာလား၊ ရပ်ကွက်အရေး ရင်လေး မိတာကြောင့် ကူညီ ပြောပေးကြပါလို့ တောင်းပန်အပ်ပါတယ်။

အမည်မဖော်လိုသူတဦး

 

 

ပျူပုတီးစေ့များ ရှာဖွေမှုကြောင့် နတ်မောက် သီးနှံစိုက်ခင်းများ ပျက်စီး

ကျနော်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပင်းကန်ကြီးကုန်းရွာကပါ။ ကျနော်တို့ရွာမှာ ရှေးခေတ် ပျူပုတီးစေ့များ မိုးရွာတဲ့အခါ လယ်တွေ၊ ယာတွေမှာ ပေါ်လာ တတ်ပါတယ်။ အဲ့ဒီအတွက် မိုးရွာပြီဆိုရင်.. ပုတီးစေ့ရှာတဲ့သူတွေဟာ တောင်ပုံရာပုံပါပဲ။ နွေရာသီ သီးနှံမစိုက်တဲ့ အချိန်တွေဆို ဘာမှမဖြစ်ပေမယ့်၊ အခုလို မိုးရာသီဆိုရင်တော့ နှမ်း၊ ပဲ၊ ငရုပ်၊ ဝါ အစရှိတဲ့ သီးနှံများစိုက်ပျိုးထားတဲ့အတွက် ၎င်းလယ်ယာမြေတွေအပေါ် ဖြတ်နင်းရှာဖွေကြတဲ့ အတွက် သီးနှံပင်များ ပျက်စီးဆုံးရှုံးစေပါတယ်။ အခင်းရှင်တွေကလည်း အမြဲတမ်းစောင့်မကြည့် နိုင်တဲ့အတွက်ကြောင့် ဒုက္ခရောက်ရပါတယ်။ အခုဆို ယာခင်းဘေးမှာ တဲထိုးပြီး စောင့်ရမလို ဖြစ်နေပါပြီ။ ဒါကြောင့်… တာဝန်ရှိ အထက်လူကြီးမင်းများက ရှောင်တခင် ဝင်ရောက်တားဆီး၊ အရေးယူ ဖမ်းဆီးပေးစေလိုကြောင်း ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

ကိုကံကောင်း

ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]

RELATED ARTICLES
- Advertisment -
Google search engine

Most Popular