Home
မြန်မာသတင်း
မီတာခတိုးမြှင့်ကောက်ခံသည့်အပေါ် ဖြူးမြို့၌ ဆန္ဒပြ
DVB
·
July 21, 2019
မီတာခတိုးမြှင့် ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲကို ပဲခူးတိုင်း ဖြူးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရင်ပြင်မှာ ဒီနေ့ မနက် ၉ နာရီက ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်မှုကို ဖြူးမြို့ဒေသခံ ၂၅ ယောက်လောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး "မီတာခတိုးမြှင့်ကောက်ခံမှု အလိုမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ "မီတာခတိုးမြှင့်ကောက်ခံမှုအပေါ် ကျနော်ပြောချင်တာကတော့ ကျနော်တို့ပြည်သူတွေဟာ လက်ရှိအစိုးရလက်ထက်မှာ တော်တော်လေးဆင်းရဲကျပ်တည်းလာတယ်။ လူမှုဘဝ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲလို အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီမီတာခကို တိုးမြှင့်ကောက်ခံမယ်ဆိုတော့ ကျနော်တို့ ဆင်းရဲသားတွေမှာ တစ်ထောင်နှစ်ထောင် ရှာရ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် အစိုးရကို အကြံပြုချင်တာက မီတာခတွေကိုမတိုးပါနဲ့"လို့ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ ဦးလွင်အောင်ကပြောပါတယ်။ ဆန္ဒဖော်ထုတ်သူတွေက ဖယောင်းတိုင်များထွန်းညှိပြီး ပြည်သူ့ဆန္ဒကိုလေးစားပါ၊ မီတာခတိုးမြှင့်ကောက်ခံမှုအလိုမရှိ၊ ဖယောင်းတိုင်ထွန်း၍ နေပါမည်ဆိုတဲ့ စာသားပါ ဗီနိုင်းပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာကြတာပါ။ အဆိုပါဆန္ဒဖော်ထုတ်မှုကို အင်အား ၁၀၀ တင်ပြထားပေမယ့် ပြည်သူ ၂၅ ဦးယောက်သာပါဝင်ခဲ့ပြီး မီတာခတိုးမြှင့်ကောင်ခံမှုအပေါ် ဖြူးမြို့နယ်အတွင်းမှာ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်တာလို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024